#6 months later
"Mr.Bin ဝင်ခဲ့မယ်နော် "
"ဝင်လာခဲ့ပါ..."
"ငါပြောထားတဲ့ကိစ္စတွေ အကုန်အဆင်ပြေရဲ့လား အင်ယောင်း... မင်းဒီတခါ ချိန်းဆိုမှုက သေချာမှရတော့မယ်နော်..."
"ငါ့ ကုမ္ပဏီ တခုခုဖြစ်သွားလို့မရဘူး...ဒါက ငါ့ရဲ့အသွေးအသက်ဆိုတာမင်းသိတယ်မလား ငါ့ကိုသတင်းကောင်းပဲပြောစမ်းပါကွာ..."
"ဟုတ်ကဲ့ပါ ဆရာ ကျွန်တော်အခုပြောမှာလဲ သတင်းကောင်းပါပဲဆရာ..."
"ကျွန်တော်တို့ခနခနချိန်းဆိုမှုလုပ်နေရတဲ့ ကျွန်တော်တို့ ကုမ္ပဏီ ရှယ်ယာအများဆုံးဖြစ်နေတဲ့ လူငယ်လုပ်ရှင်းစီကနေ အဆက်သွယ်ရပါပြီ..."
"ဒါပင်မဲ့ ဆရာ.."
"ဒါပင်မဲ့ ဘာဖြစ်လဲ ဆက်ပြောလေ"
"ဆရာစုံစမ်းခိုင်းတဲ့အထဲမှာ တခုပဲအဆင်ပြေခဲ့တယ်ဆရာ..."
"အဲ့လူရဲ့နောက်ကြောင်းရာဇဝင်နဲ့ သူဘယ်သူဘာဝါဆိုတာကို အခုထိ လိုက်စုံစမ်းလို့မရသေးပါဘူး..."
"သူနဲ့တော့ ဆရာတွေ့ခွင့်တော့ရမှာပါ.. သူ့စီက 📧email ပြန်လာပါတယ် ဆရာအားမှရက်တစ်ရက်ကို တွေ့ကြရအောင်ပြောပါတယ်ဆရာ..."
"အင်းးးးမ် ဒါဆိုသတင်းကောင်းပဲပေါ့ ကောင်းပြီလေ နောက်တပတ်ငါ့အချိန်ဇယားထဲမှာ ရှိသမျှကို အကုန်ဖျက်လိုက် သူနဲ့ချိန်းဆိုမှုကိုပဲ ယူလိုက်"
"မင်းသွားလို့ရပြီ တာဝန်ကျေတယ်..."
"ဟုတ်ကဲ့ပါဆရာ ခွင့်ပြုပါအုံး..."
Bin အမေရိကန်ကိုပြောင်းကာစက ကုမ္ပဏီကိုပါ အမေရိကန်နိုင်ငံရဲ့ အခြေစိုက်ကုမ္ပဏီဖြစ်အောင် ကြိုးပမ်းခဲ့တယ်။ ကိုရီးယားမှာ ကျန်ခဲ့တဲ့ ကုမ္ပဏီရဲ့ ရှယ်ယာတွေရောင်းပြီး လုပ်ခဲ့စဉ်ကအဆင်ပြေနေသေးတယ်။ တိုးတတ်လာတဲ့ နိုင်ငံကြီးမှာ ခေတ်ရေစီးကြောင်းအတိုင်းလိုက်ဖို့က တဖြေးဖြေး ခက်ခဲလာခဲ့တယ်။
အဲ့အချိန်မှာ ကုမ္ပဏီကို အမည်မသိရှယ်ယာရှင်တစ်ဦး ဝင်လာခဲ့တယ်။ ဟုတ်ပါတယ် အဲ့သူကတော့ Jeon Jungkook ပေါ့ ။ ဒါပင်မဲ့ Binတစ်ယောက်ကတော့ မငိရှာပါဘူး ။ အခုလဲ ကုမ္ပဏီ ဆုံးရှုံးရကိန်းစိုက်နေလို့ ရှယ်ယာများဆုံး ရှိနေတဲ့ သူကို ခေါ်တွေ့ပြီး အကူညီတောင်းယူချင်းပဲဖြစ်ပါတယ်။ လွယ်ကူတဲ့ အကူညီယူမှုမျိုးတော့ မဟုတ်ခဲ့ဘူး အချိန်ကြာအောင် အကြိမ်ကြိမ် ချိန်းဆိုခဲ့ရချင်းမျိုးပဲဖြစ်တယ်။
YOU ARE READING
Stay with me //TK//
RomanceHyung ကို ကျွန်တော် ချစ်တယ် Hyung မရှိတော့ရင် Hyungရှိတဲ့နေရာကို ကျွန်တော်လိုက်ခဲ့မှာစိတ်ချ Start Date_ 1.4.2021. End Date_