Chapter 3

827 156 4
                                    



Unicode

ကုကန်က message ကိုအဆက်မပြတ်ပို့နေတုန်းပဲ

[NSN-GU] : [သူက တနင်္လာနေ့မင်းတို့အသင်းနဲ့ warm-up ပွဲစဉ်မှာ ဝင်ကစားလိမ့်မယ် သူပါမလား မပါဘူးလားတော့ သေချာမဆုံးဖြတ်ရသေးဘူး]

[NSN-GU] : [အဲ့အချိန်ရောက်လို့ မင်းသူ့ကိုတွေ့ရင် ပြဿနာတွေမဖန်တီးမိစေနဲ့]

[NSN-GU] : [မင်းက ကလေးလည်းမဟုတ်တော့ဘူး]

[NSN:GU] : [ငါဒီအကြောင်းကို မပြောသင့်ပေမယ့် မင်းပြိုင်ပွဲရောက်မှ သိရင် ဂိမ်းကစားတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်မှာစိုးရိမ်လို့]

[NSN:GU] : [နိုင်နိုင်ရှုံးရှုံး ဒီရာသီအတွက်pointတွေကို မထိခိုက်ဘူးဆိုပေမယ့် ငါမမျှတတာကို မလိုချင်ဘူး အဲ့တာကြောင့် မင်းစိတ်ကို ကြိုပြီးပြင်ဆင်ထား]

ရှစ်လော့ ရယ်လို့ဝသွားတဲ့အချိန်မှာ computer screenကို ပြန်ကြည့်လိုက်တယ် သူဘာပြန်ပြောရမှန်း မသိဖြစ်သွားတယ်

NSNဌာနဘက်မှာတော့ ကုကန်၏ computerဘေးမှာ ယွီဆွေ့ရှိနေပြီး ကုကန်က ရှစ်လော့ကို ကြိုဆင်ပြင်ဆင်ထားဖို့ ပြောတာကို ထိုင်ကြည့်နေတယ်

ရှစ်လော့က သူ့လည်ပင်းကို ပွတ်လိုက်ပြီးမှ မေးခွန်းသဘောနဲ့ပဲ ခွန်းတုန့်ပြန်လိုက်တယ်

[IAC-Evil] : [ဘာအတွက်ကြောင့် ပြင်ဆင်ထားရမှာလဲ?]

[NSN-GU] : [?]

[IAC-Evil] : [ကျွန်တော်သူနဲ့ stadiumမှာ ထိုးသတ်နေ ကြမှာစိုးလို့လား]

[IAC-Evil] : [ပြီးခဲ့တာတွေပြီးပါစေတော့ ဆိုတဲ့စကားကိုမကြားဖူးဘူးလား ကျွန်တော်က အကုန်လုံးကို မေ့တောင်မေ့သွားပြီ]

[IAC-Evil] : [စေတနာနဲ့ တစ်ခုလောက်သတိပေးပါရစေ ခေါင်းဆောင်ကုတော့ ကိုယ့်ပြဿနာကိုယ်ရှာမိတဲ့ပုံပဲ အခုကျွန်တော်Liveလွှင့်နေတာ]

[NSN-GU] : [.......]

[NSN-GU] : [ မင်း...]

ရှစ်လော့က ပြုံးနေရင်းနဲ့ စာပြန်လိုက်တယ်
[IAC-Evil] : [ ခေါင်းဆောင်ကုက အရမ်းမြန်တော့ ကျွန်တော်လည်း မတားလိုက်နိုင်ဘူး]

ရှစ်လော့က Liveလွှင့်နေတယ်ဆိုတာကို သိပြီးနောက် ကုကန်လည်း ဘာမှထပ်မပြောတော့သလို ရှစ်လော့လည်း ဘာမှမပြောတော့ဘူး နှစ်ယောက်လုံးကြားမှာ တိတ်ဆိတ်မှုကြီးသာ ကြီးစိုးသွားခဲ့တယ် ဂိမ်းပြီးတဲ့နောက်မှာလည်း တစ်ယောက်နဲ့တစ်ယောက် နှုတ်တောင်မဆက်ပဲ ဂိမ်းထဲကထွက်သွားကြတယ်

FOG[电竞] Myanmar TranslationWhere stories live. Discover now