Unicodeလွန်ခဲ့သောနှစ်နှစ်အချိန်ကာလ...
ယွီဆွေ့က တစ်ဝက်သောက်ထားတဲ့ လီမွန်တီးကို စားပွဲပေါ်တင်ပြီး အိပ်ယာထက်တွင်လှဲလျောင်းလိုက်တယ်။
ရှန့်ဟိုင်းမှာရှိတဲ့ FSအသင်းရဲ့ အဆောက်အအုံအတွင်းရှိ ခေါင်းဆောင်၏ အဆောင်အခန်းက တိတ်ဆိတ်လျက်ရှိတယ်။ ပူနွေးသည့် နေ့လည်ခင်းနေမင်းဟာ ယခုလေးတင် ထွက်ပေါ်လာပြီဖြစ်တယ်။ အခန်းအတွင်းရှိ ပြတင်းပေါက်များက ဖွင့်ထားပြီး လိုက်ကာတွေဟာ လေနဲ့အတူယိမ်းထိုးကာ စားပွဲပေါ်ကလီမွန်တီးဖန်ခွက်ကို ပွတ်တိုက်နေ၏။
အိပ်ယာဘေးမှာ ထားရှိတဲ့ဖုန်းက အဆက်မပြတ်တုန်ခါလာပြီး ၎င်း၏တုန်ခါမှုနဲ့အတူ ကြမ်းပြင်ပေါ်မပြုတ်ကျခင်အထိ အိပ်ယာရဲ့အစွန်းဘက်ကို ဖြည်းဖြည်းချင်းစီရွေ့ရွေ့သွားတယ်။
ယွီဆွေ့က သူ့မျက်လုံးတွေကို တဖြည်းဖြည်းဖွင့်လိုက်ကာ အိပ်ယာရဲ့ဘေးဘက်ကို လှမ်း၍စိုက်ကြည့်လိုက်တယ်။ ပြီးတော့ အခြားတစ်ဖက်ကိုလှည့်သွားပြီး ဆက်အိပ်နေလိုက်တယ်။
တစ်နာရီအကြာမှာတော့ အိပ်စက်ခြင်းတွင်ပျော်မွေ့သွားတဲ့ ယွီဆွေ့ကနိုးလာပြီး ကြမ်းပြင်ပေါ်မှာပြုတ်ကျနေတဲ့ ဖုန်းကိုကောက်ယူပြီး အိပ်ယာပေါ်မှာပြန်တင်ထားလိုက်တယ်။
ယွီဆွေ့သည် မျက်နှာသစ်ပြီးနောက် ပြတင်းပေါက်ဘောင်ပေါ်မှာထိုင်လျက် စီးကရက်အား မီးညှိလိုက်တယ်။ထို့နောက် သူ့ရဲ့ဖုန်းကိုထုတ်ကာ ဖွင့်ကြည့်လိုက်လိုက်တယ်။
သူ့ရဲ့ Wechatက အသုံးဝင်တဲ့မက်ဆေ့ချ်တွေရယ် အသုံးမဝင်တဲ့မက်ဆေ့ချ်တွေရယ် စသဖြင့်နှစ်မျိုးစလုံးနဲ့ ပြည့်နှက်နေတယ်။ ယွီဆွေ့က စာတစ်စောင်ချင်းစီကိုဖွင့်ကြည့်ပြီး လိုအပ်သည့်မက်ဆေ့ချ်များကို ရွေး၍စာပြန်လိုက်တယ်။ သိပ်မမျှော်လင့်ထားတဲ့အရာကတော့ ခဲဟောက်ဆီမှ ဖုန်းကောလ်အရေအတွက်များစွာကို ယွီဆွေ့မြင်တွေ့လိုက်ရတာဖြစ်တယ်။
ခဲဟောက်က ယွီဆွေ့နဲ့ ငယ်သူငယ်ချင်းလည်းဖြစ်ပြီး အတန်းဖော်တွေလည်းဖြစ်ခဲ့သောသူ ဖြစ်တယ်။
YOU ARE READING
FOG[电竞] Myanmar Translation
RomanceAuthor -漫漫何其多 (Man Man He Qi Duo) Type - Web-novel Genre - Esports,Shounen Ai,Drama,BL Chapter- 132chapters +4Extras Original Publisher -jjwxc Original website Link -《FOG[电竞]》漫漫何其多_【原创小说|纯爱小说】_晋江文学城http://www.jjwxc.net › onebook Gong(se...