Chapter 6

729 149 7
                                    

Unicode

ရှစ်လော့နဲ့Wawa နှစ်ယောက်တွဲliveလွှင့်ပြီးတဲ့ နောက်တစ်နေ့တွင် forumတိုင်းမှာ အကြမ်းဖက်မှုတွေကြီးစိုးခဲ့တယ်။ ပြီးဆုံးခဲ့ပြီးသောပြဿနာဟောင်းများစွာက တူးဖော်ခံခဲ့ရပြီ ဝေဖန်သံများပြန်လည်ထွက်ဖော်လာခဲ့တယ်။ ယွီဆွေ့fan ရှစ်လော့fan ယွီဆွေ့hater ရှစ်လော့hater အကုန်လုံး ရောထွေးသွားကြပြီး အချင်းပွားရန်များမှုများက တစ်စစတိုးပွားလာခဲ့ကြတယ်။

ဒီလိုမုန်တိုင်းထန်နေတဲ့အချိန် training roomထဲမှာ ရှစ်လော့က ဖိုရမ်pageတွေကို ဖွင့်ကြည့်ဖို့လုပ်လိုက်တယ်။ ကျောက်ဖုန်းက ရှစ်လော့ရဲ့ computer screenကို မြင်မြင်ချင်းအလျင်အမြန်အရှေ့က ဝင်ကာလိုက်တယ်။ "မင်းအားနေတဲ့အချိန်မှာ ဂိမ်းကစားနေရင်ဘာဖြစ်မှာမလို့လဲ မင်းဘာလို့ ဖိုရမ်ကိုလိုက်ကြည့်မှာလဲ အသက်ရှင်ရတာပင်ပန်းနေပြီလား"

"onlineမှာအဆဲခံရတာတွေကို မကြောက်ပါဘူး" သူဖိုရမ်pageကို ဖြေးဖြေးချင်း ဆွဲတင်လိုက်တယ်။ "ကျွန်တော်က လူတွေငြင်းခုံနေမှုတွေရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့တာကြာပါပြီ haterတွေကိုထိပ်တိုက်ရင်ဆိုင်တာလောက်ကတော့ နေသားကျနေပြီ"

ကျောက်ဖုန်းက ရယ်ရမလားငိုရမလားတောင်မသိတော့ဘူး။ "မင်းမှာ ဒီမာကျောတဲ့စိတ်ဓာတ်ရှိတာအတော်လေးကောင်းတာပေါ့ ဒါဆိုလည်း ကောင်းပါပြီ စကားမစပ် ငါမင်းနဲ့ဆွေးနွေးစရာတချို့ရှိတယ်"

ကျောက်ဖုန်း training roomထဲကတခြားလူတွေကိုလှမ်းကြည့်လိုက်တယ်။ ရှစ်လော့လည်းနားလည်လိုက်တယ်။ သူlaptopကို ပိတ်ပြီးကျောက်ဖုန်းနဲ့အတူtraining roomအပြင်ကိုလိုက်လာခဲ့တယ်။

နှစ်ယောက်လုံး ရှေ့ခန်းက အစည်းအဝေးအခန်းထဲကို ဝင်သွားကြတယ်။ ရှစ်လော့ကထိုင်ခုံကိုအေးဆေးဆွဲထိုင်လိုက်တယ်။ သူ့လက်ကို ဘောင်းဘီအိတ်ထဲထည့်ထားပြီး သူ့ခြေထောက်တွေကို စားပွဲခုံပေါ်တင်လိုက်တယ်။  "ထပ်ပြီးတော့Liveလွှင့်ဖို့အကြောင်းပဲလား ကျွန်တော်အချိန်ထပ်မတိုးပေးနိုင်ဘူး တစ်လကို နာရီပေါင်းသုံးဆယ်က ဂိတ်ဆုံးပဲ"

ကျောက်ဖုန်းစားပွဲကိုမှီပြီး အကူအညီမဲ့စွာပြုံးလိုက်တယ် "တခြားအသင်းတွေမှာဆို ၄၅နာရီစာ စာချုပ်ချုပ်ထားတဲ့သူတွေတောင်ရှိတယ် တချို့ဆို နာရီပေါင်း၆၀တောင်"

FOG[电竞] Myanmar Translationजहाँ कहानियाँ रहती हैं। अभी खोजें