Unicode
တိတ်ဆိတ်မှုတွေနဲ့စိုးမိုးနေတဲ့ ညတစ်ညမှာ
မီးရောင်မှိန်ပြပြသာရှိနေပြီး အနွေးဓာတ်တို့ရှိမနေဘဲ အေးစက်စက်လေတွေနဲ့
သံတိုင်တွေရှိတဲ့ မြေအောက်အကျဉ်းတိုက်ထဲတွင် ယခင်ကရှိခဲ့တဲ့ အသွင်အပြင် အဆင်အယင်တွေနှင့် လုံးဝခြားနားစွာ
ညစ်ပေရေ နေသောအဖြူရောင် ဝတ်စုံ နဲ့ လူတစ်ယောက် ။ သပ်ရပ်သေစွာစွာ စည်းနှောင်ထားတဲ့ နက်မှောင်တဲ့ ပုတုန်းရောင်ဆံနွယ်လေးတွေမှာ ယခုတော့ ရှုပ်ထွေးနေတဲ့ဆံနွယ်တွေသာနေရာယူထားတယ်။ တိတ်ဆိတ်မှုတွေသာကြီးစိုးနေတဲ့ညအမှောင်ထဲမှာ လက်တွေကို
သံကြိုးတွေနဲ့ သံတိုင်တွေကြားမှာ အဖမ်းခံ
ထားရတယ်။ မျက်လုံးကလည်း အနည်းငယ်နီရဲနေတယ်။မျက်ဝန်းတို့ ကလည်း အသက်မဲ့နေသကဲ့သို့ ညိုးငိုင်နေလျက်။သေချာကြည့်မည်ဆိုပါက ထို မျက်ဝန်းထဲ မှာ အနည်းငယ်ခြောက်နေသော မျက်ရည်စက်တို့ကိုတွေ့မြင်ရလိမ့်မည်။
ထို အကျဉ်းခန်းထဲကလူကတော့ ယခင်က လန်ဧက္ကရာဇ် ၏ဝမ့်ဖေးအဖြစ် တင်မြှောက်ထားခံရတဲ့
ရှောင်ဝေ့ရင်း လို့ခေါ်တဲ့ ရှောင်ဝမ့်ဖေးပင်။အမွေးတိုင် တစ်ဝက်စာလောက်ကြာပြီးတဲ့ အချိန်မှာမြေအောက်အကျဉ်းတိုက်ထဲကို ဝင်လာတဲ့ ခြေသံကိုကြားလိုက်ရတယ်။ ခနကြာတော့ အကျဉ်းခန်းရဲ့ အရှေ့ကိုမှာလာရပ်တဲ့ ခြေထောက်တစ်စုံ ။ အရောင်တောက်ပပြီးလှပတဲ့ပိုးထည်အင်္ကျီကို ဝတ်ဆင်ထားကာ ဆံပင်ကိုသေသပ်စွာဖီးထားပြီး ရွှေပန်းပွင့်ဆံထိုးကို ထိုးထားပြီး မျက်နှာချေမှုန့်အနည်းငယ်လိမ်းထားရာလှပနေသော မျက်နှာရှိသည့် အမျိုးသမီးငယ်တစ်ယောက် ။ အကျဉ်းခန်းထဲမှာရှိနေတဲ့သူကိုခနတာကြည့်ပြီး မျက်နှာတွင်လည်းလှောင်ပြုံးတစ်ပွင့်ကိုပန်ဆင်လျက် စကားတချို့ကို လှောင်ပြောင်ခနဲ့သောလေသံနှင့်ပြောလာတယ်။
"အိုး မြင့်မြတ်လှတဲ့ အနောက်နန်းဆောင်ရဲ့ အုပ်ချုပ်သူ ဝမ့်ဖေးက အခုတော့ ဒီလို ညစ်ပတ်အကျည်းတန်တဲ့နေရာမှာ နေနေရပါလား။ "
"ဟက် အခုတော့ ရှင်နဲ့ ကျမနှစ်ယောက်တည်းရှိတာဆိုတော့ အရင်လို ဟန်ဆောင်နေစရာမလိုတော့ဘူးပေါ့။"
ESTÁS LEYENDO
Xiao Wangfei 👑
FanficName/Title - " Xiao Wangfei👑 " - " ရှောင်းဝမ့်ဖေး /ရှောင်းဝမ့်ဖေး Type -Own-creation, Timetravel,Yizhan,Wangxian,Historical ,Rebirth,BL,Fanfic. Version - Unicode/Zawgyi Story By - Nwe (Genius_Cloud🌈) 🚫Not System ,Not Translation🚫 Descriptio...