💕Part 34💕

1.8K 147 27
                                    

Part 34
Unicode

လမင်းကြီးဟာ ငွေပန်းကန်ပြားကြီးချိတ်ထားသလိုကောင်းကင်မှာတည်ရှိနေရင်းတလောကလုံးကို အေးမြတဲ့ အလင်းရောင်ပေးနေပါတယ်။ကြယ်လေးတွေဟာလည်း လမင်းကြီးရဲ့ ဘေးပတ်လည်နဲ့ ကောင်းကင် ကြီးအနှံငွေမှုန်လေးတွေကြဲပက်ထားသလို ဖြစ်လိုနေတယ်။

လမင်းကြီးရဲ့အလင်းရောင်နဲ့အတူ ခပ်ဝေ့ဝေ့ ခပ်ပြေပြေ တိုက်ခတ်နေတဲ့ လေညင်းလေးနဲ့ အေးချမ်းတဲ့ ည မှာ စိတ်မအေးချမ်း နေတဲ့သူတစ်ယောက်တော့ ရှိလို့နေတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး ပရစ် ပိုးကောင်လေးတွေရဲ့အော်သံလေးတွေနဲ့ တချက်ချက် လေတိုးသံလေး တို့ကလွဲရင် တိတ်ဆိတ်နေတဲ့ ခြံဝန်းလေးထဲမှာ
ပြတင်းပေါက်က ဖြာကျနေတဲ့ဝိုင်းစက်စက်လမင်း​ကြီးရဲ့ မူပိုင်အလင်းရောင် လေးဟာဆိုရင်ဖြင့် သစ်သားကုတင်ပေါ်မှာ အိပ်စက်နေတဲ့ ဝေ့ရင်း တနည်း ရှောင်ကျန့် အပေါ် ထင်ဟပ်လို့နေတယ်။ မှောင်ရီတိတ်ဆိတ်နေတဲ့ ည မှာ ဆိုတော့ ထိုအလင်းရောင် က ပိုပြီးသိသာစေတာပေါ့။
လရောင်ရဲ့အလင်းဖြာကျမှုလေးနဲ့အတူလှပ နှစ်ခြိုက်စွာ အိပ်ပျော်လို့နေတယ်။
တစ်ဖက်မှာတော့ ကုတင်ခေါင်းရင်းကို ကျောမှီထားကာ တစ်ခုခုကိုစဥ်းစားနေပုံရပြီး အိပ်ပျော်နေသူလေးရဲ့မျက်နှာလေးကို ကြည့်လို့နေတယ်။ ရုတ်တရက် တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းကနေ တစ်ကိုယ်ကြားရုံရေရွတ်သံလေး ခပ်ဖွဖွထွက်ပေါ်လာတယ်။ သိုသော် စက္ကန့်အနည်းငယ်သာကြာသည်မို့ သေချာနားမထောင်ပါက ကြားနိုင်မည်မဟုတ်ပေ။ ထိုစကားကိုပြောပြီးနောက်တွင် မျက်ဝန်းများထဲတွင် အတိတ်ကတစ်စုံတစ်ခုကိုလွမ်းဆွေးဟန်များ ထင်ဟပ်လာလေသည်။ ထိုစကားလုံးလေးတွေကား.........

'သိပ်ကိုတူတာဘဲ'
ခပ်ဆွေးဆွေးမျက်ဝန်းများကို ခေတ္တမျှမှိတ်ထားလိုက်ကာ အတော်ကြာမှ မျက်ဝန်းများပြန်ဖွင့်လာကာ သက်ပြင်းအသာချလေတယ်။

ထို့နောက်တွင်မူ  စောင်ကိုအသာဆွဲကာကုတင်ရင်းတွင် မှီထားရာမှ လှဲလိုက်ရင်းဘေးမှအိပ်ပျော်နေသော သူလေး၏မျက်နှာကိုကြည့်ကာ
စူးရှကာအရှိန်အဝါနှင့်ပြည့်စုံတဲ့မျက်လုံးအစုံကိုမှိတ်ကာ ထိုညတာကို ဖြတ်သန်းရန်အိပ်စက်လိုက်လေတော့သည်။

Xiao Wangfei 👑Donde viven las historias. Descúbrelo ahora