Unicode
လနဲ့ချီပိတ်ထားတာဖြစ်တဲ့ ဘုရားကျောင်းက ပိတ်ထားတဲ့တံခါးကြီးရှေ့မှာ အမျိုးသမီးတစ်ယောက်အလောင်းထွက်ပေါ်လာမှုကြောင့် မြို့စားအိမ်တော်က အစောင့်တွေနဲ့ ပြည်သူတချို့ အလောင်းရဲ့ ခပ်လှမ်းလှမ်းနားမှာ အုံနေပြီး တီးတိုးပြောနေလျက်ရှိကြတယ်။ ထိုအချိန်မှာဘဲ
မြို့စားမင်း -'ဘေးကိုဖယ် ဘေးနည်းနည်းလောက် အနားကိုမကပ်ကြနဲ့ ဘေးဖယ် ဘေးဖယ်ကြ....' 'အရှင် ဒီဘက်မှာပါ '
လန်ကျန့် -"ရင်းလေး စိတ်အေးအေးထား မကြောက်နဲ့နော် "
ကျန့် -"အင်း"
မြေပြင်ပေါ်က အလောင်းပေါ်ကို အုပ်ထားတဲ့ ပိတ်အမည်းကြီး နားကို သွားလိုက်တယ်။ မြို့စားမင်းနဲ့ ဘေးနားက အစောင့် တစ်ယောက်က ပိတ်မည်းကြီးကို ဖယ်လိုက်ကြတယ်။
ပိတ်မည်းကို ဖယ်လိုက်တာနဲ့တပြိုင်နက်ဘဲ
မျက်နှာပြင်တစ်ခုလုံးမှာသွေးတွေပေကျံနေကာ ရင်ဘတ်ရှိနှလုံးနေရာကလည်း သွေးတွေနဲ့ဟောင်းလောင်းပေါက်ကြီးဖြစ်လို့နေတယ်။"အော့ ~ ~ "
"ရင်းလေး!!!"
"ရ..ရတယ် ရင်းအဆင်ပြေပါတယ်။ ရုတ်တရက်ဆိုတော့ ပျို့တက်သွားတာ"
"တကယ်ရရဲ့လား။ ရင်းလေး ပြန်ရင် ပြန်သွားလိုက်လေ ကိုယ်ဘဲ ဆက်စုံစမ်းလိုက်ပါ့မယ်။"
"ဟင့်အင်း ရင်းတကယ်ရပါတယ်။ စိတ်ထဲမထားနဲ့ ရင်းတကယ်ပြောတာပါ။"
"အင်း ဒါဆိုလည်း ရင်းသဘောလေ ။ တခုခုဖြစ်တာဘဲဖစ်ဖြစ် ပြန်ချင်ရင်ဘဲဖစ်ဖြစ်ကိုယ့်ကိုပြောနော်။"
"အင်း"
'အလောင်းကိုစုံစမ်းဖို့က သက်ဆိုင်တဲ့သူတွေဆက်လုပ်ပါလိမ့်မယ်။အခု မဆိုင်တဲ့သူတွေ ဒီနေရာကနေ ပြန်သွားပေးပါ။ အစောင့်တွေ!!! '
မြို့စားမင်း-"အရှင်"
လန်ကျန့် -"အင်း သူမက ဘယ်သူလဲဆိုတာနောက်ထားအုံး။ အရင်ဆုံး ဒီနေရာကနေသယ်ထုတ်သွား။ အလောင်းကိုစစ်ဆေးလို့ရမယ့်နေရာကိုယူသွား"
မြို့စားမင်း-"ဟုတ်ကဲ့ အရှင်"
ကျန့် -"လန်ကျန့်! ဘယ်လိုမြင်လဲ ဟင် ။"
ESTÁS LEYENDO
Xiao Wangfei 👑
FanficName/Title - " Xiao Wangfei👑 " - " ရှောင်းဝမ့်ဖေး /ရှောင်းဝမ့်ဖေး Type -Own-creation, Timetravel,Yizhan,Wangxian,Historical ,Rebirth,BL,Fanfic. Version - Unicode/Zawgyi Story By - Nwe (Genius_Cloud🌈) 🚫Not System ,Not Translation🚫 Descriptio...