Chapter - (5) ချစ်သူများနေ့ (Valentine day)

669 11 0
                                    

[Unicode##]

5.1 - ကြွေလွင့် နှင်းဆီ
           
            Super Sunday.... ကျောင်းပိတ်ရက်မို့ မနက်ပိုင်းစောစောမထပဲ နေမြင့်တဲ့အထိအိပ်လိုက်သည်မို့ နိုးလာတော့ ၁၀နာရီပင် ထိုးနေပြီ။ဖုန်းကြည့်လိုက်တော့ unknown နံပါတ်ကနေ ဖုန်း၂ကော ခေါ်ထားသည်။နံပါတ်ကို သေချာကြည့်လိုက်မိတော့ လရောင် ဖုန်းနံပါတ်ဖြစ်နေသည်။ထို့နောက် မက်ဆေ့ချ်တစ်စောင်။

"မင်း...နေနေ နဲ့ တွေ့ချင်တယ်ဆို ဒီနေ့ပေးတွေ့မယ်။...
ဒါပေမယ့် အပေးအယူအနေနဲ့ မင်း ငါနဲ့ (၇)ခါ ဒိတ်ပေးရမယ်။"

ဒိတ်ပေးရမယ်ဆိုတဲ့ စာကြောင့် ဒေါသအတန်ငယ်ထွက်သွားကာ ချက်ချင်းဖုန်းဆက်လိုက်သည်။

"ဟဲလို"

လရောင် အသံ။

"ဒီမယ်...လရောင်...ခင်ဗျားက ရူးနေတာလား။ဒိတ်ရအောင် ဘာကိုဒိတ်မှာလဲ။လက်ထပ်မယ့်သူရှိရက်နဲ့ ခင်ဗျားမို့ ပြောထွက်ရက်တာ။"

'သူဒေါသသံစွက်ကာပြောလိုက်သည်။ဟုတ်လည်း ဟုတ်တာပဲလေ။သူနဲ့ လက်ထပ်တော့မှာကို ရှုပ်ချင်ပွေချင်နေသေး။ဗီဇ ဆိုတာ ဖျောက်မရပါလားနော်။ငါ့နှလုံးသားကို အကြိမ်ကြိမ်ချေမွနေတော့တာပဲ။

စောင့်ကြည့်နေလိုက်ပါ.. ငါ နေနေ ဘဝပြန်ရောက်ရင်တောင် နင့်ကိုဘယ်လောက်ချစ်ချစ် ငါကိုယ်တိုင်ဒီလက်ထပ်ပွဲကို ဖျက်သိမ်းပစ်မယ်။နင် အချစ်ကို ဘယ်လောက်ပဲ အယုံမရှိဖူးပြောပြော ငါနဲ့ယူပြီးရင်တော့ ငါ့အပေါ် သစ္စာရှိနေတာလေးကိုတော့ ငါလိုချင်မိတယ်။

ဒီလက်ထပ်ပွဲကလည်း နင့်အဖေဆန္ဒကြောင့် မတတ်သာပဲ ငါ့ကိုလက်ခံခဲ့တယ်ဆိုတာ ငါသိတယ်။ငါသာ နင့်အနားမှာနေနေပြီး နင်ပြန်ချစ်လာအောင် ကြိုးစားနေသ၍ ငါ့မှာမျှော်လင့်ချက်ရှိသေးတယ်လို့ငါထင်ခဲ့တာ။

ငါအခုသိလိုက်ရတာက ငါဘာသာငါတစ်ယောက်တည်း အိမ်မက်မက်နေမိတယ်ဆိုတာပဲ။အခုကစပြီး ငါ့ဘဝ ငါ ... ဒီ့ထက် နွံထဲ ထပ်အနစ်မခံတော့ဖူး။'

"ဒါက ငါ့ကိစ္စပါ မင်းကိစ္စက မင်းတွေ့မယ်ဆို ဒိတ်ရမယ်။ လုပ်တာ မလုပ်တာတော့ မင်းသဘောပဲ။"

Lust Love!  အချစ် ရမ္မက်...... အချစ် ရမ္မက်......Where stories live. Discover now