[Unicode##]
6.1 - "ကောင်းလား...ချစ်လေး..." 🚨🔞🚨
အိမ်ပြန်ရောက်တော့ အမေနှင့်အတူ ညစာစားသောက်ပြီးနောက် စာမကြည့်မီ ရေအရင်ချိုးရန်ပြင်ဆင်လိုက်သည်။
"တင်း..တောင်...."
ဘဲလ်တီးသံကြား၍ ဒေါ်ကြေးမုံ အိမ်ရှေ့ထွက်လာခဲ့လေသည်။
"Happy Valentine Day...ပါ အန်တီ...."
"Wow....လှလိုက်တာ သားရေ ..ကျေးဇူးပါပဲကွယ်"
အာကာ ယူလာသော ပန်းစည်းကို ပန်းအိုးထဲတွင် ထည့်ထားလိုက်သည်။
"တာရာ ရော သူ့အခန်းထဲမှာလား"
"ဟုတ်တယ်..."
"ဒါဆို သား သူ့ဆီ သွားလိုက်ဦးမယ်"
"အေး..အေး"
အာကာ တံခါးခေါက်လိုက်တော့ ပြန်ထူးသံမကြား။တံခါးဖွင့်လိုက်တော့ ပွင့်သွားသည်မို့ အထဲသို့ဝင်ကာ ရေချိုးနေသော တာရာ့ အား ကုတင်ပေါ်မှာ ထိုင်စောင့်နေလိုက်သည်။
ထို့နောက် ရေသံတိတ်သွားသည်နှင့် ရေချိုးခန်းအဝနားသွားကာ တာရာ ထွက်အလာ အနောက်မှ သိုင်းဖက်လိုက်ချေသည်။
ရုတ်တရက်မို့ တာရာ အနည်းငယ် လန့်ဖြန့်ကာတုန်တက်သွားမိသည်။
"မွှေးနေရော....ကိုယ်သင်းနံ့လေးက"
"ဆပ်ပြာနံ့ပါကွာ..."
"အင်း...ဘာပဲဖြစ်ဖြစ်...ကိုယ်ကြိုက်တယ်"
တာရာ ကိုယ်လုံးလေးကို ခွေးကလေးသဖွယ် တရှုံရှုံဖြင့် အနံ့ခံနမ်းနေလေသည်။
"ကဲ...မင်းလက်ဖယ်ဦး.. ငါ ရေသုတ်ရဦးမယ်"
"သဘက်..ပေး...ကိုယ်သုတ်ပေးမယ်"
"ရပါတယ်"
"ပေးပါ...ကိုယ်လုပ်ပေးနေကြပဲဟာ"
သဘက်ကို ဆတ်ခနဲ ဆွဲယူလိုက်ရင်း စိုစွတ်နေတဲ့ ဆံပင်တို့ကို ညင်သာစွာသုတ်ပေးပြီး လေမှုတ်စက်(dryer)ဖြင့် မှုတ်ပေးလေသည်။
ပြီးသွားတဲ့အခါ တာရာ က သဘက်သိမ်းရန် ထမည်အပြု အနောက်ကနေ လက်ကိုဖမ်းဆွဲလိုက်ပြီး လှမ်းဖက်ကာ ပေါင်ပေါ်သို့ ဆွဲတင်လိုက်သည်။
YOU ARE READING
Lust Love! အချစ် ရမ္မက်...... အခ်စ္ ရမၼက္......
Romance[Unicode##] & [Zawgyi##] This is my own creation! 🚨🚨🚨🔞🚨🚨🚨 Genre Romance, Mystery, Drama, Psychological, Slice of life, Adult, Mature, Fiction, Fantasy Description Seme နှစ်ယောက်ကြား ဗျာများရမယ့် Uke လေး............❤️🌚❤️ ကြမ်းကြမ်းတမ်းတမ်း...