[Unicode##]
2.1 - ကမ္ဘာအသစ်
လေထဲတွင်မျောလွင့်ကာ နေရာအနှံ့လျှောက်သွားပြီးနောက် နောက်တစ်ကြိမ် ထပ်မံနိုးထလာခဲ့သည်။မျက်လုံးဖွင့်ဖွင့်ချင်းပင် ထပ်တူကျသောမြင်ကွင်းကြောင့် ဆေးရုံအခန်းတွင်း၌ပင် ရှိနေသေးသည်ကို သိလိုက်ရသည်။
'ငါ အခုထိ အိမ်မက်မက်နေတုန်းပဲလား...ဧကန်န အိမ်မက်မဟုတ်ပဲ တကယ်ဖြစ်နေတာများလား။'
သူတွေးရင်းထဖို့ ပြင်လိုက်သည်။
ကုတင်ဘေး၌ သူ့ကို 'သား' ခေါ်သောအမျိုးသမီးက နိုးလာကာ
"သား...နေလို့ အဆင်ပြေရဲ့လား"
မေးရင်း လူခေါ်ဘဲလ်ကိုနှိပ်လိုက်လေသည်။"သားမေမေ့ကိုသိသေးလား"
သူခေါင်းခါပြလိုက်သည်။ ဘယ်သိမတုန်း။သူ့အမေမှ မဟုတ်တာကိုး။
"လူမှားနေတယ် ထင်တယ် ကျွန်မက အန်တီ့သား မဟုတ်ဖူး.."
ပြောသာပြောလိုက်ရတာ သူ့အသံ သူ့ခန္ဓာက သူမဟုတ်တော့။ ပြောင်းလဲနေသည်။ သူဘာမှ ဆက်မပြောနိုင်တော့။
"......."
ဆေးရုံအခန်းတွင်းမှ မိခင်ဖြစ်သူသည် တုန်လှုပ်ခြောက်ခြားကာ ငိုကြွေးလေတော့သည်။
"သား သား က မိန်းကလေး မဟုတ်ဖူးလေ ဘယ်လိုလုပ် ကျွန်မလို့...ပြောရတာလဲ"
"........"
'နိုးလာပြီ မှတ်တာ ...အခုထိ အိမ်မက်ထဲ အိမ်မက်ထပ်မက်နေတုန်းပဲကိုး'
ခဏအကြာ ဆရာဝန်ရောက်လာပြီး စစ်ဆေးကာ
"လူနာကအရမ်းထိတ်လန့်သွားလို့ အတိတ်မေ့သွားတာပါ။နောက်ပြီး လူနာက သူ့ကိုယ်သူ တခြားတစ်ယောက်လို့ ထင်မှတ်နေပုံရတယ်။ အဲ့ဒါမျိုးက ပြင်းထန်တဲ့ စိတ်ဖိစီးမှုကြောင့် သူ့ကိုယ်သူ လက်မခံနိုင်တော့ပဲ တစ်စုံတစ်ယောက်အဖြစ် မှတ်ယူလိုက်တဲ့ စိတ်အခြေအနေမျိုးပါ။ တဖြည်းဖြည်းချင်း ပြန်ကောင်းလာနိုင်သလို တစ်သက်လုံးသတိမရတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်နဲ့ လည်း ကုသဖို့လိုပါလိမ့်မယ်။ ပြန်ကောင်းမကောင်းဆိုတာ ခုချိန်မှာ ကျွန်တော်တို့ တစ်ထစ်ချ မပြောနိုင်ပါဖူး...ကိုမာဝင်နေရာက သတိပြန်ရလာတာပဲ ကံကောင်းတယ် ဆိုရမှာပေါ့ဗျာ "
YOU ARE READING
Lust Love! အချစ် ရမ္မက်...... အခ်စ္ ရမၼက္......
Romance[Unicode##] & [Zawgyi##] This is my own creation! 🚨🚨🚨🔞🚨🚨🚨 Genre Romance, Mystery, Drama, Psychological, Slice of life, Adult, Mature, Fiction, Fantasy Description Seme နှစ်ယောက်ကြား ဗျာများရမယ့် Uke လေး............❤️🌚❤️ ကြမ်းကြမ်းတမ်းတမ်း...