Chapter - (1) အလှည့်အပြောင်:

5K 33 1
                                    

[Unicode##]

1.1 - အိမ်မက်

သစ်ရွက်လေးတစ်ရွက်လိုပင် ခန္ဓာကိုယ်ကပေါ့ပါးနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ပကတိငြိမ်းချမ်းလျက် လေပေါ်မှာလမ်းလျှောက်ပျံဝဲကာ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ အတန်ကြာအောင်ပျံသန်းနေရင်း တစ်နေရာအရောက်တွင် မြေပြင်ပေါ်သို့ဆင်းသက်ကာ ဘေးတစ်ဖက်တစ်ချက်စီ ဝေ့ဝဲကြည့်လိုက်သည်။

ထို့နောက် ခပ်လှမ်းလှမ်းမှ လူတစ်ယောက်က သူ့ဆီလှမ်းလာနေပေသည်။ ထိုလူရဲ့ မျက်နှာကို သဲသဲကွဲကွဲမမြင်ရသော်လည်း အပြုံးချိုချိုကိုမူ သူဖျတ်ခနဲမြင်လိုက်ရသည်။
သူ အသာအယာခေါင်းငြိမ့်ပြီး ပြန်ပြုံးပြလိုက်သည်။
ထိုသူက  ညာဘက်လက်လှမ်းကာ သူ့မျက်နှာပြင်ထက် ကျလျက်ရှိသော ဆံနွယ်စ တစ်ချို့ကို သပ်လိုက်ပေသည်။
ရင်ထဲ နွေးထွေးတဲ့ ခံစားချက်လေးတစ်ခု.....။

ထို့နောက် ဆတ်ခနဲနိုးလာကာ ...
'ဪ.... ငါ အိမ်မက်မက်နေတာပါလား။'
မစိမ်းတော့တဲ့ အိမ်မက်လေးတစ်ခု။
———————————
ရုတ်တရက် နားထဲ၌ အသံမျိုးစုံဝင်ရောက်လာခဲ့တယ်။ ဆူညံသံနှင့်အတူ အနံ့စူးစူးက နှာခေါင်းထဲဝင်ရောက်လာခဲ့တယ်။ ပိုးသတ်ဆေးအနံ့။

'ငါ ဆေးရုံကိုရောက်နေတာများလား...'

သူမျက်လုံးဖွင့်ကြည့်ဖို့လုပ်လိုက်သည်။မရ။ထပ်မံ ဖွင့်ရန် ကြိုးစားလိုက်သည်။ အရာမထင်။ 'ငါဘာလို့ဖွင့်မရတာလဲ ...
ငါသေသွားတာတော့မဟုတ်လောက်သေးပါဖူးနော်...'

ထို့နောက်

"သားလေး.... မြန်မြန်သတိရလာပါတော့...
အမေ သားလေးနဲ့မခွဲနိုင်ဖူး ပြန်လာပါနော် .. သားလေး"

အမျိုးသမီးတစ်ယောက်ရဲ့ နူးညံ့ချိုသာတဲ့အသံကို သူကြားလိုက်ရသည်။

'သူ ဘယ်သူ့ကိုများ ခေါ်နေတာပါလိမ့်် ....'

ငယ်ငယ်ထဲက မိဘမဲ့ တစ်ကောင်ကြွက်မို့ သူ့ကို ထိုသို့နူးညံ့စွာ ခေါ်မည့်သူမရှိ။ ဘေးကတစ်ယောက်​ယောက်ကို ခေါ်တာဖြစ်မှာပါလေ။

ဘယ်လိုဖြစ်ပြီး သူဒီရောက်နေရခြင်းအကြောင်းအရာကို သူပြန်စဉ်းစားနေမိသည်။
အတွေးများက အတိတ်ဆီသို့ ပျံ့လွှင့်လျက်.......။

Lust Love!  အချစ် ရမ္မက်...... အချစ် ရမ္မက်......Where stories live. Discover now