Zawgyi
" အား..."
လက်ကိုတင်းကျပ်နေအောင်ဆွဲကိုင်ထားတဲ့သွေးစွန်းနေတဲ့လက်အစုံကြောင့် အသားကုန်အာခေါင်ခြစ်အော်ပေမဲ့မိုးရွာတောထဲမှာသူ့အသံကိုတစ်စုံတစ်ယောက်မှကြားမည်မထင်...
ကြောက်အားလန့်အားနဲ့ဆွဲထားတဲ့လက်ကိုခြေကန်ဆွဲရင်း ပါလာတဲ့ထီးနဲ့ဓာတ်မီးကမြေပြင်ပေါ်ကျနေတာတောင် သတိမမူမိတော့.." ကျွန်တော်....ကျွန်တော်မသေသေးပါဘူး..."
ခပ်ဖျော့ဖျော့အသံကြောင့် jakeခေါင်းနပန်းကြီးသွားရသည်...။
လျှပ်စီးအားကိုးနဲ့သေချာကြည့်မှ ဗိုက်ကိုဖိထားတဲ့လက်တစ်ဖက်ကိုတွေ့ရသည်..
လည်သာဂျာကင်အနက်ကြောင့်သွေးကမသိသာပေမဲ့ အောက်ခံအင်္ကျီအပြာရောင်တင်မဟုတ် ထိုလူ့နားတ၀ိုက်ကရေတွေက သွေးရောင်သမ်းနေသည်...." ဆေးရုံ မပို့ပါနဲ့...ကျေးဇူး...ကျေးဇူးပြုပီးဆေးရုံမပို့ပါနဲ့.."
ဆေးရုံမပို့ပါနဲ့...ဒါဆိုဘယ်ပို့ရမလဲ....
ဘယ်မှမပို့ပဲမိုးရေထဲဆက်ထားရင် ရေခဲတိုက်ကိုတော့ပို့ရမှာကျိန်းသေတယ်....။
မစဉ်းစားအားတော့ ထိုလူ့ကိုယ်ကိုမနိုင်မနင်းတွဲကာသယ်ရင်းအိမ်ထဲကိုသယ်လာခဲ့သည်....။
ဆိုဖာပေါ်ကိုပစ်ချရင်း ကြမ်းပြင်မှာခြေပစ်လက်ပစ်ထိုင်ချလိုက်သည်...
ဟောဟဲစိုက်နေတာကိုခဏထား....ထို့လူဒဏ်ရာကိုကြည့်ဖို့အပေါ်အင်္ကျီကိုဆွဲချွတ်လိုက်သည်...။
သေချာတာက ဒါက ဓားနဲ့အထိုးခံထားရတဲ့ပုံရှိသည်...။ဓားနဲ့အထိုးခံထားရမှန်းသိပေမဲ့ Jakeကဆရာဝန်မှမဟုတ်တာ ဘာလူပ်ပေးတတ်မှာလဲ..။ရေရွဲနေတဲ့ခေါင်းကိုခါရင်း ခုံပေါ်မှာတွေ့လိုက်ရတဲ့ အင်္ကျီကြောင့်သွေးမတိတ်သေးတဲ့ဒဏ်ရာပေါ်ကိုဖိကာကပ်ထားပေမဲ့ အချည်းနှီးသာ...။
သွေးကမတိတ်သလို ထိုလူမှာလဲသွေးမရှိသလိုဖြူဖျော့ကာလာသည်...။သေလို့တော့မဖြစ်ဘူးနော်....။
ဘယ်သူဘယ်ဝါရယ်မသိပဲသေသွားရင် အခုချိန်လူသတ်မှုနဲ့အဖမ်းခံရနိုင်သည်...။
ဆေးရုံမပို့နဲ့ပြောလဲဘာအရေးလဲ...။
ဒီတိုင်းထားရင်သေသွားနိုင်သည်...သေတာထက်တော့ဆိုးတဲ့ကိစ္စရှိမယ်မထင်.....။
YOU ARE READING
𝑬𝒏𝒅𝒍𝒆𝒔𝒔 // 02𝒛
Fanfiction- C o m p l e t e d - ချစ်ခြင်းတွေရှိတယ် မင်းရယ် ကိုယ်ရယ် သူရယ်