Part - 23

1K 186 21
                                    

Unicode

" ဒယ်ဒီ...သားဘာသာစီးမယ်....လက်လွှတ်လိုက်.."

စိတ်မချ၍ နောက်ကနေထိန်းကာလိုက်ပေးနေတဲ့ဒယ်ဒီ့လက်တွေကနေရူန်းထွက်ကာ တစ်ယောက်ထဲခပ်ဝေးဝေးကိုထွက်လာခဲ့သည်..
အသက်ပဲခြောက်နှစ်ကျော်နေပီ နဂိုထဲကစကိတ်စီးတာဝါသနာပါပီးသာမို့ လဲစရာအကြောင်းကိုမရှိတာကို ဒယ်ဒီကစိုးရိမ်လွန်နေသေးသည်...။
သြဇီကိုမိသားစုလိုက်ခရီးထွက်လာပေမဲ့ မာမီကခရီးပန်းနေတာမို့. ဟိုတယ်မှာနေ ခဲ့၍တော်သေးသည်...မဟုတ်ရင် Jayဒီလိုမျိုးစီးရမယ်မထင်...

" ဒယ်ဒီ သားဗိုက်ဆာတယ်..."

" အင်း..ဒယ်ဒီသွားဝယ်ပေးမယ် ခဏလေးစောင့်နော်...ဘယ်မှမသွားနဲ့နော် ဒီထဲမှာပဲစီးနေ.."

ဒယ်ဒီ့ကိုခေါင်းညိတ်ပြရင်း စကိတ်ကွင်းထဲပြန်ဝင်လာခဲ့သည်...
ရွယ်တူစကိတ်စီးနေကြတဲ့ကလေးတွေကိုလိုက်ကြည့်ရင်းသူ့ကိုယ်သူဂုဏ်ယူမိသည်..။
မိဘနဲ့မဟုတ်ပဲတစ်ယောက်ထဲစီးရဲတာသူပဲရှိမည်လေ...။

" အား....သေပါပီ..."

အော်သံစူးစူးနဲ့ ခပ်လှမ်းလှမ်းမှာ ချော်လဲကျနေတဲ့ကောင်လေးတစ်ယောက်ကိုမြင်လိုက်၍ တချက်ရပ်ကြည့်လိုက်သည်...။
စကိတ်ကြောင့်ပြန်ထလို့အဆင်မပြေပုံရသည်...ထလိုက်တိုင်းပြန်လဲနေ၍Jayရယ်လိုက်မိသည်...။
ပုပုသေးသေးနဲ့ဒီကောင်လေးက ကလေးလေးပဲရှိသေးတာကိုလူကြီးမပါဘူးလားမသိ...။

ကြည့်နေတုံးမှာ ဘေးနားကဖြတ်သွားတဲ့ကောင်လေးတစ်ယောက်ကိုလက်ကမ်းပေးကာထူခိုင်းတာကိုမြင်လိုက်သည်..
သို့တိုင်အောင် ကမ်းပေးတဲ့လက်တွေကိုမသိချင်ယောင်ဆောငိထွက်သွားတဲ့တစ်ယောက်က တကယ်ပဲအသဲမာသည်..
ကိုယ့်ရှေ့မှာကလေးတစ်ယောက်ဒုက္ခရောက်နေတာကိုတကယ်ပဲ ကျော်သွားနိုင်သည်..။
ခပ်မြန်မြန်အနားကိုသွားကာလက်ကမ်းပေးလိုက်သည်...။

" ဘယ်နားနာသွားသေးလဲ.ကလေး.."

" ငါကလေးမဟုတ်ဘူး..."

သူ့ရှေ့ကပိစိက တကယ်အလာလေးပဲ....နှုတ်ခမ်းကိုစူချွန်ကာပြန်ကာရန်ထောင်နေသေးသည်...။

" ဟုတ်ပါပီ ကလေးမဟုတ်တဲ့လူကြီးလေးရဲ့...ချော်လဲတာနာသွားသေးလား..."

𝑬𝒏𝒅𝒍𝒆𝒔𝒔 // 02𝒛Where stories live. Discover now