Part - 14

1.1K 204 57
                                    

Unicode



အေးစက်ကာတိတ်ဆိတ်နေတဲ့ ပိန်းပိတ်အောင်မှောင်မဲနေဆဲအခန်းလေးထဲ ဒူးလေးကိုကွေးကာပိုက်ရင်း အရာရာကိုတုန်လှုပ်ကာကြောက်ရွံနေရှာတဲ့ကောင်ငယ်လေးတစ်ယောက်...။
နှုတ်ခမ်းပါးကနေတစ်စုံတရာကိုခပ်တိုးတိုးညည်းရင်း မျက်ရည်စက်တို့က ပါးပြင်ပေါ်တွင် စိုတလှည့်ကြောက်တလှည့်.....

ကြောက်တယ်....
တုန်ရီနေတဲ့ကိုယ်ငယ်လေးက ဘယ်လောက်ထိစိတ်ထိခိုက်စေနေလဲသိသာနေသည်..။

အိပ်ပျက်ညတွေကိုမုန်းသည်...။
အိမ်မက်ဆိုးတို့ရဲ့ခြောက်လှန့်ခြင်းကို ညစဉ်မပြတ်ခံရမှုကြောင့် ဖြူနုနုမျက်နှာလေးနဲ့မလိုက်ဖက်စွာ မျက်ကွင်းတို့ကညိုမှောင်နေသည်...။

မေမေ...မေမေကအိမ်မက်ထဲမှာ လာရောက်ဆုံးမနေသည်...။.တစ်ခါမှမမြင်မက်ဖူးတဲ့အိမ်မက်ဆိုသည့်တိုင် နိုးလာချိန်မှာကြောက်ရွံ့နေဆဲ....။မေမေ့ကိုဆုံးရှုံးရရင်.သူ့အတွက် ကမ္ဘာမြေကြီးမှာကျန်ရှိနေမည့်အရာရှိတော့မည်မဟုတ်...။
အမြတ်နိုးဆုံးသောအရာတွေကပျောက်ကွယ်သွားနိုင်သည်...။

အောက်နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ရင်း အသံတိတ်ကျိတ်ရှိုက်နေရလွန်း၍ မောပန်းကာရင်ဘတ်အစုံကအသက်ရူဖို့ပင်ခက်ခဲသည်...။.
ငိုထားသည့်အချိန်တွေကြာမြင့်နေပြီမို့ ခေါင်းတစ်ခုလုံးကလဲတူနဲ့ထုရိုက်နေသကဲသို့ပင် ကိုက်ခဲနေပေမဲ့ အငိုမရပ်မိသေး...

မျက်ရည်တွေကဘဝရဲ့အဖော်မွန်ပဲ....။

ပိုက်ထားတဲ့ဒူးလေးနှစ်ဖက်ကိုတင်းနေအောင်ဖက်ရင်းကိုယ်ကိုတတ်နိုင်သမျှကြုံ့လိုက်သည်..။
လောကကြီးကနေထွက်ပြေးချင်ပေမဲ့ထွက်ပြေးနိုင်ဖို့နည်းလမ်းတော့မရှိသေးဘူး....။

ထိုညက အငိုလွန်နေခဲ့တဲ့ကောင်ငယ်လေးဟာ.ကုတင်ထက်မှာ မောပန်းရင်းနဲ့အိပ်ပျော်သွားခဲ့ရပေမဲ့ အိမ်မက်ဆိုးတွေကတော့ထပ်မံကာခြောက်လှန့်နေဆဲပင်...။

💔

အတန်းထဲကိုထူးဆန်းစွာရောက်ရှိနေတဲ့Jayက တစ်တန်းလုံးရဲ့အာရုံကိုဖမ်းစားနေသလို ကျောင်းနောက်ကျ၍ အခန်းပြင်မှာ ဒူးထောက်ကာထိုင်နေရတဲ့Sunghoonကလဲထူးဆန်းသောအာရုံတွေကိုသာတစ်တန်းလုံးကိုပေးစွမ်းနေသည်...။.

𝑬𝒏𝒅𝒍𝒆𝒔𝒔 // 02𝒛Where stories live. Discover now