Chapter (1)

1.8K 234 1
                                    

Unicode

1.ငိုတာကို ရပ်တော့!

"မငိုနဲ့တော့!" ချီမင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်သည်။ မျက်လုံးကြီးကြီးများအပြင် ထူထဲသောမျက်ခုံးတို့ဖြင့်  သူ၏ မျက်နှာအသွင်အပြင်များကို ရက်စက်ကြမ်းကြုတ်သည့်ပုံစံဖြင့် လွှမ်းမိုးထားလိုက်သည်။

ထန်းမြောင်သည် အလွန်​အော်ဟစ်ကာဖြင့် ပြင်းထန်စွာ ငိုနေခဲ့သည်ပင်။

ချီမင်းသည် စားပွဲခုံကို စာအုပ်ဖြင့် ရိုက်လိုက်ပြီး “ ဘာကိစ္စကြောင့် ငိုနေရတာလဲ...”

"သူ ....သူတို့က ငါ့သကြားလုံးတွေကို လုသွားကြတာလို့... "  ထန်းမြောင်၏ သွားများသည် ပျက်စီးနေပြီး ပိုးစားနေကာ သူ့မိဘများကလည်း သကြားလုံးများ စားခြင်းကို တားမြစ်ထားလေသည်။ ယခုသကြားလုံးများသည်  ပြည်ပမှ သူ့အဘိုး ယူဆောင်လာခဲ့သည့် သကြားလုံးများသာဖြစ်ပြီး ​အရေအတွက်အနေဖြင့် နောက်ဆုံး အနည်းငယ်သာကျန်တော့ခြင်းဖြစ်သည်။

ချီမင်း အလွန်ပင်စိတ်ရှုပ်လေသည်။ ယခုကဲ့သို့ ငိုနေတတ်သည့် ကောင်လေးမျိုးကို သူတစ်ခါမှမတွေ့ဖူးပေ။ သူ့အနေဖြင့် စိတ်ကုန်သွားသည့် အခါမျိုးတွင် ဒေါသကို ထိန်းချုပ်၍ မရတော့ပေ။  ဒါပေမယ့် သူ့အဖေက သူ့ကို ဆုံးမစကားပြောတိုင်း ပြောလေ့ရှိသည်မှာ ကြက်တွေကိုသတ်ပြီး မျောက်တွေကို​ကြောက်အောင် လုပ်တာက ကြက်တွေကိုမဟုတ်ဘဲ မျောက်တွေကိုသာ သင်ခန်းစာပေးချင်၍ ဖြစ်တယ်လို့ ပြောထားတာကြောင့် သူဟာ ဒေါသကိုထိန်းကာ တရားခံရှာရတော့မည်ဟု မှတ်မိလိုက်သည်။
[T / N: ကြက်ကိုသတ်ပြီး မျောက်ကိုကြောက်အောင် လုပ်တာက သူတစ်ပါးကို ခြိမ်းခြောက်ရန် ဥပမာတစ်ခု ရှေ့က လုပ်ပြလိုက်ခြင်းကို ရည်ညွှန်းသည်။ ]

သူ့ကို ဒေါသထွက်အောင် လာဆွတဲ့ တရားခံ...

ကောင်းတယ် သိပ်ကောင်းတယ်... ဘယ်ကောင်က ထန်းရွှိန်ရွိန်ရဲ့ သကြားလုံးကို ယူရဲတာလဲကွ...

2. ထန်းရွှိန်ရွှိန်

ထန်းမြောင် ထပ်ငိုပြန်လေသည်။

ချ်ီမင်းက အံကြိတ်၍ ထပ်မေးလိုက်လေသည်။ "ဘာဖြစ်ပြန်တာလဲ? "

The Little Crying Bag and His Mr. Grumpy (Myanmar Translation )  [ Completed ]Where stories live. Discover now