Chapter (5) Extra 1

943 157 4
                                    

Unicode
Chapter (5) Extra 1

1.ချူယောင်

ချူယောင်၏ ဟောင်မြောင်ကုမ္ပဏီရှိအလုပ်သည် တိုက်ဆိုင်မှုသက်သက်သာ ဖြစ်လေသည်။ သူမသည် HR ထံတွင် အင်တာဗျူးဖြေခဲ့ပြီး သူမ၏ကိုယ်ရေးရာဇဝင်သည်ပင် ထန်းမြောင်၏လက်သို့ ရောက်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် ကုမ္ပဏီတွင် သူမတို့နှစ်ယောက်တွေ့ဆုံမိသောအခါ နှစ်ဦးသားအံ့သြမိသွားကြသော်လည်း ထန်းမြောင်သည်တော့ လိုက်လျောညီထွေဖြစ်အောင် နေပေးခဲ့လေသည်။

နောက်ပိုင်းချူယောင်နှင့်ပတ်သတ်၍ ပိုသိလာချိန်တွင်တော့ ထန်းမြောင်ပတ်ဝန်းကျင်တွင် နေ့စဥ်နေ့တိုင်း သူ့ကိုငိုခွင့်မပြုဟု အမြဲတမ်းအော်ဟစ်ပေးသူတစ်ယောက် ရလိုက်သလိုပင်ဖြစ်သည်။

ယခုအချိန်များတွင် ထန်းမြောင်သည်တစ်ယောက်တည်း ကျန်ရစ်ဖြစ်နေသူဖြစ်သည်။

ချူယောင်သည် တစ်ခါတစ်လေ သူမဘွဲ့ရတုန်းကအတွေးများကို စဉ်းစားမိသည်။ သို့သော်လည်း ထိုကိစ္စများ သူမမျှော်လင့်သလို အမှန်တစ်ကယ် အကောင်အထည်ပေါ်လာခဲ့သော်လည်း သူမအလွန်ပင်အသည်းကွဲရလေသည်။

[T/ N: {{English Translator ၏အမြင်::: ချူယောင်က ကျောင်းတုန်းက ထန်းမြောင်ကိုကြိုက်နေခဲ့တယ်လို့ ငါထင်မိတယ်။ ချီမင်းနဲ့ ထန်းမြောင်တို့နှစ်ယောက်သာ ပြတ်သွားရင် သူမပျော်ရလိမ့်မယ်လို့ထင်နေခဲ့တာ။ တစ်ကယ်ပြတ်သွားတော့လည်း ထန်းမြောင်နာကျင်နေတာကို မြင်ရပြီးသူမကိုယ်တိုင် အသည်းကွဲနေရတယ်}} အိုင်လည်း English Translator နဲ့အမြင်တူပါတယ်။ Novel မှာကိုက အပေါ်ကလောက်ပဲ ဖော်ပြထားတာပါ။ Whatever ချူယောင်က တစ်ကယ်ကို သူငယ်ချင်းကောင်းလေးပါ။]

" ဥက္ကဌထန်း!"

" ချူယောင် ဘာဖြစ်လို့လဲ?? "

" နင့်ရဲ့ရုံးခန်းက ဆွေ့ထန်း [ ချီမင်း၏ ကုမ္ပဏီ] အပေါ်ထပ်မှာမဟုတ်ဘဲ ဟောင်မြောင်မှာဆိုတာ နင်မှတ်မိသေးရဲ့လား???"

ထန်းမြောင်ခဏတွေးလိုက်သည်။ သူတစ်ကယ်မမှတ်မိတော့ပေ။

" မြောင်မြောင်. . . နင်ဘယ်လိုထင်လဲဟင်??"

The Little Crying Bag and His Mr. Grumpy (Myanmar Translation )  [ Completed ]Where stories live. Discover now