Chapter (3)

947 167 2
                                    

Unicode
Chapter (3)

21.အတူတူ

ချီမင်းသည် သူ၏ဘဝတွင်အထက်တန်းကျောင်း ဒုတိယနှစ်၏ ဒုတိယနှစ်ဝက်ကဲ့သို့ ဘယ်သောအခါမှ အလုပ်ကြိုးစားမလုပ်ဖူးဟု ခံစားခဲ့ရသည်။ စာမေးပွဲများတွင် ထိပ်ဆုံးဆယ်ယောက်စာရင်းထဲပါနေသော သူ့နာမည်နှင့် ထန်းမြောင်၏ မယုံကြည်နိုင်လောက်အောင် ပျော်ရွှင်စွာပြုံးနေသော မျက်နှာလေးကိုကြည့်လိုက်လျှင် အားလုံးသည်ထိုက်တန်သည်ဟု သူထင်မိသည်။

သူ၏ ရမှတ်များတွက်ချက်ကြည့်ရာ ၎င်းသည် A တက္ကသိုလ်သို့သွားရန်မှာ လုံလောက်နေပြီဖြစ်သော်လည်း ထန်းရွှိန်ရွှိန်နှင့် မေဂျာအတူတူဖြစ်ရန်အတွက်တော့ အနည်းငယ်ခက်ခဲနေသေးသည်။

ထို့ကြောင့် သူတို့ကောလိပ်အတွက် မေဂျာရွေးချယ်မှုများ ဖြည့်စွက်ရသောအခါ သူနှင့်တစ်ခန်းတည်း တူတူမတက်ရလျှင် သူတို့နှစ်ယောက် အမြဲအတူတူတွေ့နေရတော့မည်မဟုတ်ဟုဆိုလာသော ထန်းရွှိန်ရွှိန်ကို ဂရုတစိုက်ကြည့်နေရန် ဆုံးဖြတ်ထားရသည်။

ဒါနဲ့ ဘာလို့များ ​သူတို့နှစ်ယောက်က နေ့တိုင်းအမြဲအတူတူ တွေ့နေရဖို့လိုတာလဲ????

ထိုကိစ္စနှင့်ပတ်သက်၍ ဘယ်သောအခါမှ အဝေးကြီးမစဉ်းစားဖူးသည့် ချီမင်းဆိုသူသည်တော့ မျက်ဖြူလှန်ပြလိုက်ကာ ပြောလာသည်က ' ဘာကိုလာထူးဆန်းပြီး ဘာကိုပေါက်တက်ကရ လာမေးနေတာလဲ?? ဘာလဲ ငါနဲ့တစ်ပွှဲလောက် နွှဲချင်လို့လား ဟမ်! '

22.အတွေ့အကြုံမရှိ

" ချီမင်း လာမယ့်အပတ်က ဖေဖော်ဝါရီ ၁၄ နော် " ထန်းမြောင်က မေးခွန်းရေးနေသည့် ချီမင်းကို လှမ်းပြောလိုက်သည်။

" အင်း ဒါကတတိယမေးခွန်းပုံစံဖြစ်လိမ့်မယ် "  ထန်းမြောင်သည် အလွန်ဇွဲကောင်းသည်ကို ချီမင်းမသိခဲ့ပေ။ ပြီးခဲ့သော ချစ်သူများနေ့မှ ရည်းစားစာများအကြောင်းကို သူမေ့သွားခဲ့သည်။  ကံကောင်းထောက်မစွာပင် ၎င်းသည်နှစ်သစ်ကူးနှင့် တိုက်ဆိုင်နေလေသည်။ ထို့ကြောင့် သူတို့ကျောင်းသည် စောစီးစွာ အတန်းချိန်ပြီးမည်ဖြစ်သည်။

The Little Crying Bag and His Mr. Grumpy (Myanmar Translation )  [ Completed ]Where stories live. Discover now