[Unicode]
Tao Wen နောက်တစ်ကြိမ် နိုးလာတော့ သူကခမ်းနားကြီးကျယ်တဲ့ အိပ်ရာကြီး တစ်ခုထဲ လဲလျောင်းနေခဲ့တယ်။
ဒါက သူ့အိပ်ရာ မဟုတ်ဘူး။ ဘယ်သူကမှလည်း Tao Wenကို နောက်ပြောင်ဖို့ ဒီလိုငွေအများကြီး ကုန်မယ့်နည်းလမ်းကို သုံးမှာ မဟုတ်တဲ့အတွက် Tao Wen ကြက်သေသေနေမိတယ်။ သူ ထထိုင်လိုက်တော့ ညစ်ညမ်းပန်းချီတွေနဲ့ ပြည့်နေတဲ့ ခန်းဆီးကို မြင်လိုက်ရတယ်။ သူတကယ်ကို ဝိညာဉ်ကူးပြောင်းလာတယ် ဆိုတာ သူ သိလိုက်ပြီ။
သူ အခုလေးတင် ဖတ်လာတဲ့ မင်းသားနဲ့အရိပ်တပ်သား ဝတ္ထုထဲက မင်းသားအိပ်ဆောင်ကို ဖော်ပြထားတဲ့ အချက်တွေနဲ့ ဒီအခန်းကအတိအကျ တူနေတာပဲ... ဝတ္ထုအကြောင်းအရာတွေကို အခြေခံရရင် အခုချိန်က အရိပ်တပ်သားက သူ့မင်းသားအတွက် အရာရာပေးဆပ်ဖို့ ဆန္ဒရှိစွာနဲ့ သူ့အိပ်ဆောင် ခေါင်မိုးတန်းမှာ ရှိနေလိမ့်မယ်။
Tao Wen ရုတ်တရက် ဦးခေါင်းနာကျင်မှုတစ်ခု ခံစားလိုက်ရပြီး မူလမင်းသားရဲ့မှတ်ဉာဏ်တွေ တိုးဝင်လာခဲ့တယ်။
သူမှတ်ဉာဏ်တွေကို စစ်ဆေးလိုက်ပြီး အပေါ်ကို မော့ကြည့်လိုက်ပေမဲ့ ဘာမှမတွေ့ခဲ့ပေ။
သို့သော်လည်း အကုန်လုံးက အစစ်အမှန် တူနေပုံရတဲ့အတွက် သူ ရရှိတဲ့ မှတ်ဉာဏ်တွေလည်း မှန်ကန်ပုံပဲ။ သူ တကယ် မခေါ်ချင်ပေမဲ့ သူအော်ခေါ်လိုက်တယ် "Xiao Er!" အရိပ်တပ်သားမှာ လျို့ဝှက်နာမည် တစ်ခုရှိတယ်--'Xiao Er'
ဒါက စာရေးသူရဲ့ အံ့ဩလောက်တဲ့ နာမည်ပေး စွမ်းရည်ကြောင့် ဖြစ်တဲ့အတွက် ဒါပေမဲ့လည်း ဒီလိုဆိုးရွားတဲ့ နာမည်တစ်ခုရှိရင်တောင် Tao Wen ရဲ့အချစ်တော် သစ္စာရှိခွေးလေးshouကို သေးသိမ်အောင် လုပ်နိုင်ဖို့ဆိုတာ လုံးဝ အဓိပ္ပာယ်မရှိဘူး---သူ့ချစ်သူကို ကယ်တင်ဖို့ သူ့အသက်ကို ပေးဆပ်တဲ့ တစ်စုံတစ်ယောက်~~ ဒီလိုလူမျိုးက အတော်ရှားပါးတယ်!
သူ အော်ခေါ်လို့ပြီးပြီးချင်း ယောက်ျားတစ်ယောက် Tao Wenရှေ့ ရောက်လာခဲ့တယ်။ ထိုလူက အရပ်မြင့်ပြီး ယောက်ျားပီသတယ်။ သူက အသေအချာကို Tao Wen ကြိုက်တဲ့ typeမျိုးဖြစ်ပြီး သူ ရောက်လာပြီးပြီးချင်း Tao Wen ဒူးခွေယိုင်ချင်သွားတယ်။
YOU ARE READING
မင်းသားလေးရဲ့သစ္စာစောင့်သိတဲ့ချစ်သူ {ဘာသာပြန်} [Completed]
Historical FictionNovel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ I do not own the novel. All credits go to the original author. Start date-12.4.2021 End date-2.5.2021 Crd photo from pinterest