Chp(6) Extra:Emperor [End]

8.3K 1.1K 112
                                    

[Unicode]

  [အစ်ကိုမင်းကြီးရဲ့ပေါက်ကွဲခန်းများ]

   မင်းကြီးက အမြဲတမ်းစိတ်မချမ်းမြေ့သလိုခံစားနေရတယ်။ သိသာထင်ရှားစွာကို သူကဉာဏ်ရှိတယ်,သန်မာတယ်,ခံ့ညားတယ်,ယုံကြည်မှုရှိတယ်,ကြော့ရှင်းတယ်,ပါရမီရှိတယ်,ပြီးတော့ စစ်ရေးစစ်ရာတွေမှာလည်းကျွမ်းကျင်တယ်။ သူ့ကိုယ်သူဆင်ခြင်ထိန်းချုပ်နိုင်စွမ်းကလည်း စွမ်းအားရှင်တစ်ယောက်လိုပဲ။ သူ့အဖေက သူ့ညီငယ်လေးကိုဘာလို့အမြဲတမ်းဦးစားပေးတာလဲဆိုတာသူနားမလည်နိုင်ဘူး။ အဲ့ကောင်လေးက ပြဿနာဘယ်လိုရှာရမလဲဆိုတာပဲသိပြီး ယောက်ျားပီသမှုနည်းနည်းလေး‌တောင်မရှိဘူး!

      သင်ကအရမ်းစွမ်းအားကြီးတယ်။ သင့်ညီလေးကတော့ အလကားပဲ။ သင်က သင့်ညီလေးကိုတစ်ယောက်တည်းထားခဲ့သင့်တယ်....haha

     သူဆိုးသွမ်းတုန်းက ရက်ရက်စက်စက်အရိုက်ခံခဲ့ရသလို သူ့ညီလေးသာအရိုက်ခံရဖူးရင် အဲ့ကောင်လေး ဒိလိုအသုံးမကျတဲ့အလကားကောင်ဖြစ်လာမှာမဟုတ်ဘူး!

   သူစိတ်မချမ်းမြေ့ပေမဲ့လည်း ဒီလိုအသုံးမဝင်တဲ့လူကိုထောက်ပံ့ပေးနေရတာအဆင်ပြေပါတယ်။ ဒါပေမဲ့လည်း သူ့ညီငယ်လေးက သောက်ရမ်းဂနာမငြိမ်ဘူး!

   စစ်အုပ်ချုပ်ရေးအဖွဲ့အစည်းကိုထိန်းချုပ်ဖို့ သူ့အကြံအစည်ကိုဖျက်ဆီးပစ်တယ်, အကျင့်ပျက်ခြစားတဲ့အရာရှိတွေကိုဖယ်ရှားပစ်ဖို့ခက်ခဲရှုပ်ထွေးအောင်လုပ်တယ်, သူရွေးချယ်ထားတဲ့ကိုယ်လုပ်တော်တွေကိုထွက်ပြေးအောင်ကူညီပေးတယ်.....သူ့ညီငယ်လေးကထီးနန်းလုဖို့တွေးမနေဘူးလို့ သူယုံရခက်ခက်ပဲ။

     ဒါပေါ့ အရေးအကြီးဆုံးအချက်ကတော့ အရင်မင်းကြီးဖြစ်တဲ့သူ့ခမည်းတော်မသေခင်က သူ့ညီငယ်လေးကို အဲ့အရိပ်တပ်သားကိုပေးပစ် လိုက်တယ်! စစ်အုပ်ချုပ်ရေးအဖွဲ့အစည်းကိုထိန်းချုပ်ထားတဲ့အဲ့အရိပ်တပ်သား! အင်ပါယာအုပ်ချုပ်ရေးထဲကအရာအားလုံးကိုထိန်းချုပ်ဖို့စွမ်းရည်ရှိတဲ့အဲ့အရိပ်တပ်သား! အနိုင်မခံအရှုံးမပေးတဲ့အဲ့အရိပ်တပ်သား!

    အရိပ်တပ်သားက အရင်မင်းကြီးကိုသစ္စာခံတဲ့အတွက် ညအချိန်ဆိုနန်းတော်ထဲလျို့ဝှက်စွာဝင်ရောက်နိုင်တယ်။ ဒါကြောင့် လက်ရှိမင်းကြီးဖြစ်တဲ့သူထိီးနန်းမရခင်တည်းကတောင် အရိပ်တပ်သားက နန်းတော်အတွင်းအပြင်ကိုရင်းနှီးတာကြာလှနေပြီ....လုံခြုံမှုမရှိဘူး!

🎉 Du hast မင်းသားလေးရဲ့သစ္စာစောင့်သိတဲ့ချစ်သူ {ဘာသာပြန်} [Completed] fertig gelesen 🎉
မင်းသားလေးရဲ့သစ္စာစောင့်သိတဲ့ချစ်သူ {ဘာသာပြန်} [Completed]Wo Geschichten leben. Entdecke jetzt