Chp(4)It's worked

5.7K 953 60
                                    

[Unicode]

  Tao Wen က Xiao Er ကို ဆေးတစ်ဖုံ ပေးပြီး သူ့အခန်းထဲမှာ နေဖို့ အမိန့်ပေးခဲ့တယ်။ ဒါပေါ့ သူ ကိုယ်တိုင်ကလည်း အားပြန်ပြည့်အောင်  အခန်းထဲမှာပဲ ရှိနေတယ်။

   Tao Wen တစ်ယောက် သူ့ရဲ့မြင့်မြတ်တည်ကြည်တဲ့ သမာဓိတွေ သေဆုံးသွားတာကြာလှပြီလို့ သူ အမြဲတမ်း‌ တွေးနေခဲ့တယ်။ ရှက်တတ်တတ် ခံစားချက်တစ်ချို့ ရှိသင့်ပေမဲ့ သူ Xiao Erနဲ့ လုပ်ဖို့ ကြိုးစားနေချိန်မှာ သူ့မှာ အရှက်တစ်စိမှ မရှိတော့ပေ။ တကယ်တော့ သူ တစ်ဖက်လူနဲ့ အကြိမ်ရေတစ်ချို့ လုပ်ဆောင်ချင်နေရင်တောင် သူ့မှာ အကြံအစည် ရှိတယ်။

   "လာခဲ့ Xiao Er ငါမင်းကို ဆေးလိမ်းပေး‌မယ်" နန်းတော်က အကောင်းဆုံး ဆေးဝါးကို ကိုင်ပြီး သူ့ရှေ့က လောရှည် Xiao Er ကို ခေါ်လိုက်တယ်။

    "သခင်, ဒီအစေခံရဲ့ ဒဏ်ရာက ကောင်းကောင်း ကျက်သွားပါပြီ။ ဆေးဝါးတွေဖြုန်းတီးဖို့ မလိုအပ်တော့ပါဘူး။ " Xiao Er ချက်ချင်း ဒူးထောက်လိုက်တယ်။

   "မင်းအတွက် ဆေးဝါးသုံးတာ ဘယ်လိုလုပ် ဖြုန်းတီးတာ ဖြစ်ပါ့မလဲ? ငါ မင်းကို အိပ်ရာပေါ်တက်ပြီး လဲလျောင်းဖို့ အမိန့်ပေးနေတယ်!" Tao Wen ချက်ချင်း အမိန့်ပေးလိုက်တယ်။

   Xiao Er ရဲ့ဒဏ်ရာက တကယ်တော့ တစ်ဝက်သာ ကျက်သေးတယ်။ ဒါပေမဲ့လည်း စိတ်ကျေနပ်မှု မရှိသေးတဲ့ Tao Wen က ဆေးလိမ်းပေးရင်းနဲ့ အသားယူရတာ လုံးဝ သဘောကျနေလေရဲ့။ ဒါကြောင့် သူ Xiao Er ကိုယ်ကို မဖုံးကွယ်ခိုင်းဘဲ ဆေးလိမ်းပေးရုံသာမက နှိပ်ပါနှိပ်ပေးလိုက်သေးတယ်.... " Xiao Er, ဒီဆေးက ဒဏ်ရာတွေအတွက် အတော်ကောင်းပြီး အမာရွတ်တွေပါ ပျောက်စေတယ်။ "

   "သခင်! ဒီဆေးတွေက မင်းကြီးက သခင်ကို ချီးမြှင့်ထားတဲ့ ဆေးဝါးတွေပါ။ ဒီအစေခံ သုံးစွဲဖို့ မဝံ့ရဲပါဘူး!" Xiao Er အိပ်ရာက လှိမ့်ဆင်းပြီး ကြမ်းပြင်မှာ ဒူးထောက်လိုက်တယ်။ "ဒီအစေခံ, ဒီအစေခံက အမာရွတ်ပျောက်ဖို့ မလိုအပ်ပါဘူး...."

   ဒီညင်သာတဲ့ အသံလေးက ဒီလောက် စိတ်ပျက်ဆိုးရွားဖွယ် စကားကို ပြောနိုင်ရတာလဲ!

    "ငါ မင်းကို အမိန့်ပေးနေတယ်! အိပ်‌ရာပေါ်တက်ပြီး လဲလျောင်းစမ်း!" အကြံသမားလေး Tao Wen က သူ့ကို ခုန်အုပ်ပစ်ချင်နေပြီ။

မင်းသားလေးရဲ့သစ္စာစောင့်သိတဲ့ချစ်သူ {ဘာသာပြန်} [Completed]Where stories live. Discover now