"ငါတို့ ဂျီဟွန်းလေး လာပါဦး
သားသား ဘာစားပြီးပြီလဲ""မန်း...ပါပါး...မန်း"
"ငါတို့ သားလေးက လိမ်မာ လိုက်တာ"
ကလေးကိုသာ ပွေ့ဖက်ထားရတာ မြင်နေရတာတွေက ရင်ဝကို ဆောင့်ကန်လိုက်သလိုပဲ။ အသံသွင်းပြီး ပြန်လာလို့မှ မောပါတယ်ဆို။
"နေဦး ပါး သန့်ရှင်းလုပ်ပေးမယ်။
သား Daddy ရော""အခန်းထဲမှာ"
သားမျက်နှာမြင်ရတာ ရင်အေးသလောက် ဒင်းကိုတော့ တကယ် စိတ်ကုန်နေပြီ။ ကလေးကို သန့်ရှင်းရေးလုပ်ပြီး သိပ်လိုက်ပြီးလို့ အခန်းထဲက ထွက်လာတဲ့ထိ ပြန်ရောက်လာတာတောင် သိပုံမရဘူး။
ကိုယ်ခွဲမရှိတဲ့ ဒီအိမ်မှာ နှစ်ယောက်လေးရှိတဲ့ဟာကို။ သားကို ထမင်းကျွေးထားတာတွေလည်း တစ်ခုမှ ရှင်းထား၊ သိမ်းထားတာမရှိ။ အလုပ်လေး နေကုန်သွားမိပါတယ်။ စားပြီးသား ပန်းကန်တွေက ဘေစင်မှာ အပြည့်။ အဝတ်တွေ ချွတ်ထားလိုက်တာဆို နေရာအနှံ့။ ဘယ်အချိန်ကတည်းက ဖွင့်ထားလဲ မသိတဲ့ TV ကိုလည်း ပိတ်မထားဘူး။
"ကလေး ပြန်ရောက်တာလား
ကိုကို အိပ်ပျော်သွားလို့""အင်း ပြန်ရောက်တာ"
"ဒီည တစ်ညလုံး သီချင်းလုပ်ရမှာမို့
ကော်ဖီဖျော်ပေးပါဦး ကလေးရာ၊ လိမ်မော်သီးရော ယူခဲ့နော်"ပြန်လာတဲ့ယောက်ျားကို တစ်ချက်လေး အဆင်ပြေလား မမေးဘူး ။ ကိုကိုကပဲ ပြောင်းလဲသွားတာလား။ ကျနော်ကပဲ ပြောင်းလဲ သွားတာလား။
ရေနွေးအိုးတည်ထားရင်း သူ့အခန်းထဲ ဝင်လိုက်တယ်။
"ကိုကို ဘာစားထားလဲ"
"မစားတော့ဘူးလေ။ ကလေးရော
အဆင်ပြေလား""ပြေပါတယ်။ ညလုံးပေါက် အလုပ်လုပ်ရမှာဆို ခဏထဦး"
"ဘာလို့လဲ ဒါတွေပြီးအောင်..."
"ထပါ ကိုကိုရာ၊ ငါးမိနစ်ပဲ ရေသွားချိုး
ကျနော် ခေါက်ဆွဲပြုတ်ပေးမယ်"သူ့လက်ကို ဇွတ်ဆွဲပြီး ရေချိုးခန်းထဲ ပို့ရတယ်။ ခေါက်ဆွဲပြုတ်ရင်း တစ်ခါတည်း ကော်ဖီပါ ဖျော်လိုက်တယ်။ ချစ်ရတဲ့ ဒီလူသားဟာ ဘယ်လောက်ထိ ကော်ဖီကြိုက်တတ်သလဲလေ။
YOU ARE READING
I become your flower (one shot collection & Short Stories)(unicode+zawgyi)
FanfictionNevermind