သူ မရပ်မနားပြေးနေခဲ့တာ နာရီပေါင်း များစွာ ကြာခဲ့ပြီ။
ရေတစ်စက်မှ မသောက်ထားခဲ့တဲ့အတွက် သူ တစ်ကိုယ်လုံးဟာ မောပန်းနေတယ်။ သဲမြေမွမွကို ဒူးထောက် ထိုင်ချလိုက်တယ်။"အား"
ကျယ်လောင်စွာ ပေါက်ကွဲထွက်လာတဲ့ အာခေါင်ထဲကအသံကို ပင်လယ်က ဝါးမြိုသွားပါလိမ့်မယ်။
အရာအားလုံး ပြီးဆုံးသွားပြီ။
ဆုံးရှုံးသွားပြီအသိဟာ သူ့စိတ်နဲ့သူ့ကိုယ်ကို တစ်စဆီ ပိုင်းခြားထားတယ်။နှလုံးသားဟာ နာလွန်းလို့ အဆက်မပြတ် တင်းကျပ်လို့။
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
"သား ရေဘူးတွေ ဖြည့်ပေးခဲ့မယ်လေ"
"ကျေးဇူးပဲ သားရေ"
မေမေက NGO တစ်ယောက်မို့ လူ့အခွင့်အရေးတွေ၊ စံနှုန်းတွေ သူ့တရားတွေကို သိပ်ဟောပြောချင်သူလေ။ Jimin ရောက်လာတာ သူ့အတွက် အတော်ပဲပေါ့။
သူကတော့ မကြိုက်ဘူးပေါ့။
"သား အိမ်ထောင်ပြုမယ်ဆို ဘယ်လိုလူကို ရွေးချယ်မလဲ"
"ဟာ အန်တီကလည်း..."
နောက်စေ့ကို လက်နဲ့ပွတ်ရင်း ရယ်နေသည်။
"သားရယ်
အန်တီက အတည်ပြောတာ
အိမ်ထောင်ရေးမှမဟုတ်ဘူး၊ သူငယ်ချင်း၊ ချစ်သူ၊ မိသားစု အားလုံးဟာ Healthy relationship ဖြစ်ဖို့ လိုတယ်""ဘယ်လိုမျိုးလဲ"
Jimin ဟာ တကယ် သိချင်တာ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် လိမ္မာတတ်တဲ့ကလေးဆိုတော့ ဒီလို အရာအားလုံးကို လိုက်လျောညီထွေ နေလေ့ရှိတယ်။ သူ့လက်ကလည်း အဆက်မပြတ် မီးချောင်းလဲတာ၊ ရေပိုက်ခေါင်းပြင်တာကနေ အဝတ်အစားတွေ ရှင်းကူတာအဆုံး လက်နဲ့မပြတ် လုပ်နေရင်းပေါ့။
"သား အန်တီပြောတာတွေနဲ့ ဆန်းစစ်ကြည့်ကွယ်"
"ဟုတ်"
"Healthy relationship ဆိုတာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်နားလည်ရမယ်
နွေးထွေးရမယ်
လွတ်လပ်ခွင့်ပေးရမယ်
သက်တောင့် သက်သာ ဖြစ်ရမယ်"
YOU ARE READING
I become your flower (one shot collection & Short Stories)(unicode+zawgyi)
FanfictionNevermind