ဆယ့်ခြောက်နှစ် သတို့သားနှင့် သူ၏ကိုကိုဆရာ /end

224 31 8
                                    

"ကလေး ကြားသွားဦးမယ် တိုးတိုးပြောပါ"

"မဟုတ်လည်း အခုတစ်ခါတည်း စီစဉ်ကြရမှာပဲဟာ"

"ယွန်းဂီက လူကောင်းလေးပါ
ပုံမှန်မဟုတ်တဲ့ လက်ထပ်ပွဲမို့သာ

ကျမ သမီးလေးမွေးပါစေ ဆုတောင်းတာတောင် မွေးမလာဘူး"

"Jimin သိရင် လက်ခံနိုင်မှာမဟုတ်ဘူး
ပြီးတော့ သားက အထက်တန်း ပထမနှစ် ရှိသေးတယ်

မဖြစ်ပါဘူး"

အိမ်တံခါးဝ ဖိနပ်လဲရင်း ကြားလိုက်ရတဲ့စကားတွေဟာ သူ့ကို ထိတ်လန့်စေတယ်။

လက်ထပ်ရမယ်။
ဘယ်သူလဲ။ ငါလား

16 နှစ်တောင် မပြည့်သေးတဲ့ ငါကလား။
သူ ခေါင်းတွေ ထူပူသွားတယ်။

မေမေ့ဆီကို သူ အပြေးအလွှား သွားလိုက်တယ်။

"မေမေ့ သားတော့ မဟုတ်ဘူးမလား
လက်ထပ်ရမှာကလေ"

မေမေ့ဆီမှ အသံထွက်မလာပါ။
သူ့ဆံပင်တွေကိုသာ ပွတ်သပ်နေတော့သည်။

သူ ငရဲကျပြီပဲ။
တစ်ခါမှ မမျှော်လင့်ထားတဲ့ လက်ထပ်ပွဲ။
သူ တစ်ခါမှ ရည်းစားမထားရသေး။
ရင် မခုန်ရသေး။
အိပ်မက်တွေ တစ်ခုမှ ဖြစ်မလာသေး။

သူ အိမ်ကနေ ပြေးထွက်ခဲ့လိုက်တယ်။
အရှိန်နဲ့ ပြေးဝင်လာတာမို့ Convenience store ရှေ့မှာ ရပ်နေတဲ့ လူတစ်ယောက်နဲ့ တိုက်မိပါရော။

သူ ဖင်ထိုင်လျက် ကျသွားတယ်။
နာတာရော၊ ဝမ်းနည်းစိတ်ရောက လှိုက်တက်လာပြီး မရပ်တန့်နိုင်အောင် အသံထွက် မိတယ်။

"ကျောင်းသား
ကိုယ်တောင်းပန်ပါတယ်"

"အီး ဟီး အီး"

"ဘာလုပ်ပေးရမလဲဟင်"

သူ့ရှေ့မှာ ဒူးထောက် ထိုင်ချလိုက်ပြီး လက်တွေ၊ ခြေထောက်တွေကို ဒဏ်ရာမရ ယူကြည့်နေသေးတယ်။

"ဗိုက်ဆာတယ်"

အင်မတိ၊ အင်မတန် ပြတ်သားလှတဲ့ အသံနဲ့ သူအော်လိုက်တယ်။
ဟုတ်တယ်လေ အမှန်ဆို ကျောင်းကပြန်ရောက်လို့ ကျောပိုးအိတ် ချွတ်လိုက်တာနဲ့ မေမေက အဆာပြေစားဖို့ တစ်ခုခု ပြင်ပေးနေကျ။
အခုတော့ စိတ်ဆိုးလွန်းလို့ ဘာမှ မစားခဲ့ရဘူးမလား။

I become your flower (one shot collection & Short Stories)(unicode+zawgyi)Where stories live. Discover now