နှစ်ယောက်သား
ဖြစ်ချင်တိုင်းဖြစ်၍မရသော လောကအား
လက်ဖဝါးတို့ဖြင့် ငေးမောစွာ
ဆုပ်ကိုင်ထားကြ၏။| ကောက်ကွေ့ |
တိုက်ခတ်လေတွေအကြောင်းမတွေးဘဲ မြစ်ကို ထိုင်ငေးမယ်။ မပျော်ဘူးဆိုတာ အသက်အရွယ်နဲ့ မဆိုင်တဲ့အကြောင်း သူကောင်းကောင်းသိပါတယ်။ အနောက် ဆုတ်ဝင်နေတဲ့ နေရယ်။ တိတ်ဆိတ်ခြင်းဟာ အကောင်းဆုံးလို့ တွေးမိတာလား။ ဒီလိုပဲ သူဟာ တိတ်ဆိတ် ငြိမ်သက်ခြင်းမှာ အသားကျတာ ကြာခဲ့ပြီ။
ရှင်းဟွာမြစ်ဘေးဟာ သူ့အတွက် သက်တောင့်သက်သာ အဖြစ်ရဆုံးပဲ။ ဘယ်သူမှ ခိုးယူလို့မရတဲ့ ညနေတွေမယ် စက်ဘီးစီးမယ်။ ပန်းချီဆွဲမယ်။
"ကိုကို
သား ဘောလုံးကျသွားပြီ။ ပြန်ကောက်ပေး""ဝေးဝေးသွားစမ်းပါ"
စိတ်ရှိတဲ့အတိုင်း ပြောတတ်တာ ကျနော့်အကျင့်ပါပဲ။ ကလေးသေးသေးလေးက ကျနော့်စကားကို ဂရုစိုက်ပုံမရဘူး။"ကိုကို
သား မမီလို့ ပြန်ယူပေး"သူ့အတွက် ကလေးတွေက စိတ်ရှုပ်စရာပဲ။ မြန်မြန်ထွက်သွား ပြီးရော စိတ်နဲ့ မြစ်ဆိပ် သစ်လုံးပုံမှာတင်နေတဲ့ ဘောလုံးကို ယူပေးလိုက်တယ်။ ကောင်လေးက ဘောလုံးကို ပိုက်ထားပေမယ့် သူ့မျက်လုံးတွေက ကျနော့် ပန်းချီကားပေါ်မှာ။
"ကိုကိုက တော်လိုက်တာ"
"ကိုကို့နာမည်က ဘယ်သူလဲ"
"တိတ်တိတ် နေလို့မရဘူးလား"
ပုံမှန်ထက် လူတွေနဲ့အထိအတွေ့နည်းတဲ့ ကျနော့်အသံဟာ ကလေးတစ်ယောက်အတွက် မာနေမှာပါပဲ။ ထူးဆန်းစွာ ဒီကောင်လေးက တုန်လှုပ်မနေခဲ့ဘူး။ ကောင်းကင်လို ကြည်လင်တဲ့ အပြုံးတွေနဲ့။နောက်ထပ်နေ့ရက်တွေမှာလည်း ကောင်လေးဟာ ဒီမြစ်ပြင်ကို ရောက်လာမြဲပါပဲ။ ကျနော်က တိတ်ဆိတ်တယ်။ သူက ဆူညံသံလေး။ အဲ့ဒီနေ့က ကျနော် သူ့နူးညံ့မှုကို ရှာတွေ့တယ်။ ဒီ ကလေးသေးသေးလေးဆီက။
ထုံးစံအတိုင်း တိတ်ဆိတ်ပေါက်ကွဲတတ်တဲ့ ကျနော်ဟာ ဆယ်ကျော်သက်အရွယ်မှာ စိတ်အခြေအနေဟာ ဆိုးဝါးလာတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် ကုတ်ခြစ်တာ ပိုများလာတယ်။
YOU ARE READING
I become your flower (one shot collection & Short Stories)(unicode+zawgyi)
FanfictionNevermind