အသက်ပဲ သုံးဆယ့်သုံး နှစ် ရှိပြီ။ ကျမဘဝက အခုထိ မတည်ငြိမ်နိုင်သေးဘူး။ ဒါပေမယ့် လောကဓံတစ်ခုလုံး ထမ်းပိုးထားချင်စရာ ကျမမှာ အရမ်းကို လိမ်မာတဲ့ သားလေး တစ်ယောက်ရှိတယ်လေ။ မီနီစကတ်နဲ့ ကုတ်အင်ကျီကို အမြန်ဝတ်လိုက်တယ်။ သားကို ကျောင်းဝင်ပို့ပြီးတာနဲ့ အလုပ်က အမြန်သွားရဦးမယ်။
အခု အလုပ်လုပ်နေတဲ့ အလုပ်ကလား။ ကုမ္ပဏီ တစ်ခုရဲ့ အတွင်းရေးမှူးပေါ့။ ကျမတတ်ထားတဲ့ အတန်းပညာနဲ့ ဒီလိုကုမ္ပဏီကြီးရဲ့ အတွင်းရေးမှူးဖြစ်တာ ထူးဆန်းတယ်မလား။ အခုလိုအပြောင်းအလဲက လွန်ခဲ့တဲ့ တစ်ပတ်က စခဲ့တာပေါ့။
"မေမေ့ သွားမယ်"
ကျမရဲ့ မညီမညာ ဝတ်ထားတဲ့ စကတ်ကို တည့်အောင်လှည့်ပေးရင်၊ ပါးပေါ်ကို အနမ်းပေးလိုက်တဲ့ သား လေး။ ကျမရဲ့ တစ်ခုတည်းသော အိုအေစစ် ကလေးပေါ့။
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
"ဂျီအွန်း"
"ပတ် ဂျီအွန်း"
"ဘာလိုလို့လဲ ယွန်းဂီရဲ့"
"ဘာမှ မလိုပါဘူး။ နင် ဒီမှာ အဆင်ပြေရဲ့လား" လို့။
"မပြေစရာလား၊ နင့်ကျေးဇူးနဲ့ပဲဟာ"
"ညနေအားလား
ငါ ညစာ လိုက်ကျွေးချင်လို့""အင်း အားတာပ"
အရှေ့မှာ ရပ်နေတာ ဘယ်သူထင်လို့လဲ။
လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်က ကွဲသွားခဲ့ရတာ ကျမ အချစ်ဦး လေးပေါ့။ အခုလည်း သူက လူပျိုလူလွတ်၊ ကျမကတော့ ကလေးအမေ လူလွတ်ကလေးပေါ့။ အခွင့်အရေးရတုန်းကလေးကို ငြင်းလို့ ဖြစ်ပါ့မလား။နာမည်ကြီး စားသောက်ဆိုင်သာပြောရတယ် ကိုယ်က စားလိုက်ရတယ် မရှိဘူး။ ဒီကောင်ဟာ ဘာမှ ပြောင်းလဲသွားတယ်မရှိဘူး။ အခုထိ steak မလှီးတတ်ဘူး။ ပါးစပ် မပေအောင် မစားတတ်ဘူး။ သူပဲ အသားလှီး၊ သူပဲ ရေထည့်ပေး၊ သူပဲ တစ်ရှူးယူ လုပ်နေရတာ မဟုတ်လား။
အခုလည်း ပေနေတဲ့ ပါးစပ်ကို တစ်သျှူးစနဲ့ သူ သုတ်ပေးနေရသေးတယ်။
"ရား မင်ယွန်းဂီ
နင် ငါမရှိတဲ့နှစ်တွေလည်း ဒီလိုပဲ နေနေတာလား"
YOU ARE READING
I become your flower (one shot collection & Short Stories)(unicode+zawgyi)
FanfictionNevermind