1.
ဒီနေ့ရာသီဥတုဟာ ထူးထွေပြီးပြောစရာမလိုအောင် ပုံမှန်ဖြစ်နေခဲ့တယ်။ ပြောချင်တဲ့အကြောင်းအရာကတော့ ဒီပုံမှန်ဖြစ်နေတဲ့ ရာသီဥတုအကြောင်းတော့ မဟုတ်ဘူးပေါ့။ ဒီတိုင်း နေ့စဉ်ဘဝမှာ သတိရတဲ့အကြောင်းတွေကို တီးတိုးပြောခဲ့တာတွေပဲ။ မင်းမျက်စောင်းတွေကို သဘောကျလို့ အကြိမ်ပေါင်းများစွာ စိတ်ဆိုးအောင်စမိတဲ့အကြောင်း။ လျစ်လျူရှုရင်မနေတတ်ခဲ့လို့ ငါ့ကို အာရုံစိုက်လာအောင် ရူးကြောင်ကြောင်တွေ လုပ်ခဲ့ဖူးတဲ့အကြောင်း။ ငါ့ရဲ့မကောင်းသတင်းကို မင်းနားပေါက်အောင် သပုတ်လေလွှင့်ပြောကြတဲ့အကြောင်း။ ငါက ချောင်တစ်ချောင်မှာ တိတ်တဆိတ်မင်းကိုပဲ ငေးကြည့်ရင်း နေ့တာတွေကို ဖြတ်သန်းခဲ့ဖူးတဲ့အကြောင်း။ ဒီထက်ပိုပြီး အကြောင်းအရာတွေစုံလို့ပေါ့။ မင်းကလွဲရင် လူတိုင်းကို ပြောပြဖြစ်ခဲ့တာပဲ။ မင်းကလွဲရင် လူတိုင်းကို သိစေချင်ခဲ့တာပဲ။ ငါကမင်းကို သဘောကျတယ်။ ပြီးတော့ ချစ်တယ်။ နောက်ထပ်က တိတ်တဆိတ်မျှော်ငေးကြည့်ရတယ်။ မင်းများသိရင် ရလဒ်ဟာ အငြင်းခံရခြင်းနဲ့ အဆုံးသတ်တဲ့ အရှုံးသမားတစ်ယောက်အဖြစ်ကို ရောက်မှာပဲ။ ကိုယ်မရှုံးချင်ဘူး။ ငါမရှုံးချင်ဘူး။ မပိုင်ဆိုင်ချင်ပဲ မျှော်ငေးကြည့်ရုံနဲ့ ပျော်ရွှင်နေတဲ့ ငါ့ဘဝကို ငါမဆုံးရှုံးချင်ဘူး။
---
1.
ဒီေန႔ရာသီဥတုဟာ ထူးေထြၿပီးေျပာစရာမလိုေအာင္ ပုံမွန္ျဖစ္ေနခဲ့တယ္။ ေျပာခ်င္တဲ့အေၾကာင္းအရာကေတာ့ ဒီပုံမွန္ျဖစ္ေနတဲ့ ရာသီဥတုအေၾကာင္းေတာ့ မဟုတ္ဘူးေပါ့။ ဒီတိုင္း ေန႔စဥ္ဘဝမွာ သတိရတဲ့အေၾကာင္းေတြကို တီးတိုးေျပာခဲ့တာေတြပဲ။ မင္းမ်က္ေစာင္းေတြကို သေဘာက်လို႔ အႀကိမ္ေပါင္းမ်ားစြာ စိတ္ဆိုးေအာင္စမိတဲ့အေၾကာင္း။ လ်စ္လ်ဴရႈရင္မေနတတ္ခဲ့လို႔ ငါ့ကို အာ႐ုံစိုက္လာေအာင္ ႐ူးေၾကာင္ေၾကာင္ေတြ လုပ္ခဲ့ဖူးတဲ့အေၾကာင္း။ ငါ့ရဲ႕မေကာင္းသတင္းကို မင္းနားေပါက္ေအာင္ သပုတ္ေလလႊင့္ေျပာၾကတဲ့အေၾကာင္း။ ငါက ေခ်ာင္တစ္ေခ်ာင္မွာ တိတ္တဆိတ္မင္းကိုပဲ ေငးၾကည့္ရင္း ေန႔တာေတြကို ျဖတ္သန္းခဲ့ဖူးတဲ့အေၾကာင္း။ ဒီထက္ပိုၿပီး အေၾကာင္းအရာေတြစုံလို႔ေပါ့။ မင္းကလြဲရင္ လူတိုင္းကို ေျပာျပျဖစ္ခဲ့တာပဲ။ မင္းကလြဲရင္ လူတိုင္းကို သိေစခ်င္ခဲ့တာပဲ။ ငါကမင္းကို သေဘာက်တယ္။ ၿပီးေတာ့ ခ်စ္တယ္။ ေနာက္ထပ္က တိတ္တဆိတ္ေမွ်ာ္ေငးၾကည့္ရတယ္။ မင္းမ်ားသိရင္ ရလဒ္ဟာ အျငင္းခံရျခင္းနဲ႔ အဆုံးသတ္တဲ့ အရႈံးသမားတစ္ေယာက္အျဖစ္ကို ေရာက္မွာပဲ။ ကိုယ္မရႈံးခ်င္ဘူး။ ငါမရႈံးခ်င္ဘူး။ မပိုင္ဆိုင္ခ်င္ပဲ ေမွ်ာ္ေငးၾကည့္႐ုံနဲ႔ ေပ်ာ္႐ႊင္ေနတဲ့ ငါ့ဘဝကို ငါမဆုံးရႈံးခ်င္ဘူး။