မင်းအတွက်လူအမှရေးတဲ့စာများ

8 2 0
                                    

3.တစ်ချိန်ကငါမလုပ်ခဲ့တဲ့အမှားတွေအတွက်ငါကအပြစ်ခံရတယ်။

တကယ်ကိုပဲ တချိန်က ငါမလုပ်ခဲ့တဲ့အမှားတွေအတွက် ငါဟာပြစ်ဒဏ်ခံနေရပါတယ်။ ငါ့ရဲ့သိပ်ချစ်ရတဲ့အမျိုးသမီးဟာ ငါကလွဲရင် တလောကလုံးကို ယုံကြည်ပေးနိုင်စွမ်းရှိပုံရတယ်။ ဒါမှမဟုတ် ငါဟာ သူမဆီမှာ ယုံကြည်မှုတွေကို ဆုံးရှုံးသွားတာဖြစ်နိုင်တယ်။ သေချာပေါက် ဒုတိယတစ်ခုဟာ မှန်နေမှာပါပဲ။ ငါဟာ အသုံးမကျတဲ့ လူပျက်တစ်ယောက်အဖြစ် မင်းရှေ့မှာ အချိန်ကြာမြင့်စွာ ရပ်တည်နေခဲ့တာကို။ ဒီအချက်ကလေးနဲ့ မင်းဟာငါ့ကို စွန့်ပစ်မှာမဟုတ်ဘူးဆိုတာ ငါကောင်းကောင်းသိပါတယ်။ ဒါပေမယ့် အချိန်နှောင်းသွားခဲ့တယ်အချစ်ရေ။ ငါသိလိုက်ရတဲ့အချိန်မှာ မင်းဟာငါ့ကို မင်းဘဝထဲကနေ မျိုးတူသံလိုက်တွေ တွန်းကန်သလို၊ ဒါမှမဟုတ် ရာစုနှစ်အချို့က ဥရောပသားတချို့ရဲ့ ကမ္ဘာကြီးဟာ ပြားနေတဲ့အကြောင်းသီအိုရီကို လူသားတစ်ထုလုံး ငြင်းဆိုကြသလို ရှုထောင့်ပေါင်းစုံက အကြောင်းအရာမျိုးစုံ၊ နည်းမျိုးစုံနဲ့ ခါးခါးသီးသီး တွန်းထုတ်ခဲ့တယ်။ ငါဟာ သိပ်ကို ရှည်လျားတဲ့ ဥပမာပေါင်းစုံ၊ နာမဝိသေသနပေါင်းစုံတပ်ထားတဲ့ စာကြောင်းတွေကို သဘောကျတယ်။ မင်းကတော့ အင်မတန်မှ ရှင်းလင်းတိကျတဲ့ စာကြောင်းတွေကိုပဲ လက်ခံတယ်။ ဒီနေရာမှာတင် သေးငယ်တဲ့ ငြင်းခုန်မှုလေးတွေကအစပြုပြီး ငါတို့ကို တစ်နှစ်စာကစလို့ တစ်သက်စာအတွက် ဝေးကွာမှုကို ဖန်တီးပေးထားပြီးသားပဲ။ ဒါပေါ့ သေချာပေါက် ငါ့ဘက်က ဖာထေးမှုတွေပြုလုပ်ခဲ့ရင်၊ ငါဟာအချိုးပြေတဲ့ လူတစ်ယောက်ဖြစ်ခဲ့ရင် ငါတို့ဝေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် မင်းရဲ့မာနထက်မလျော့တဲ့ မာနတွေကို ငါဟာမွေးရာပါပိုင်ဆိုင်ခဲ့ပုံရတယ်။ တကယ်တော့ မင်းရဲ့ပြစ်တင်ပြောဆိုမှုကို လက်မခံနိုင်တာကြောင့် ငါဟာ ငါမလုပ်ခဲ့တဲ့အမှားတွေအတွက် ပြစ်ဒဏ်ခံနေရတယ်ဆိုတဲ့စကားကိုဆိုရင်း ငါ့ကိုငါဖြေသိမ့်နေတာပါပဲ။ တကယ်တော့ အရာအားလုံးဟာ ငါ့အမှားပါပဲ။ ဒါကြောင့် ငါ့ရဲ့အရာရာကို ပုံအောပေးဖို့ထိုက်တန်တဲ့လူသားကလေးရေ အချိန်နှောင်းပြီမှန်းသိပေမယ့် တောင်းပန်စကားတော့ဆိုပါရစေ။ ငါမှားခဲ့ပါတယ်ကွယ်။ ခွင့်လွှတ်စကားဟာ ငါနဲ့မထိုက်တန်မှန်းသိတဲ့အတွက် ဒီအကြောင်းကို အနည်းငယ်မျှမဟရဲခဲ့ပါဘူး။ ဒါကြောင့် ထပ်ပြီးပြောပါရစေ။ ကိုယ်မှားခဲ့ပါတယ်ကွယ်။

---

3.တစ္ခ်ိန္ကငါမလုပ္ခဲ့တဲ့အမွားေတြအတြက္ငါကအျပစ္ခံရတယ္။

တကယ္ကိုပဲ တခ်ိန္က ငါမလုပ္ခဲ့တဲ့အမွားေတြအတြက္ ငါဟာျပစ္ဒဏ္ခံေနရပါတယ္။ ငါ့ရဲ႕သိပ္ခ်စ္ရတဲ့အမ်ိဳးသမီးဟာ ငါကလြဲရင္ တေလာကလုံးကို ယုံၾကည္ေပးႏိုင္စြမ္းရွိပုံရတယ္။ ဒါမွမဟုတ္ ငါဟာ သူမဆီမွာ ယုံၾကည္မႈေတြကို ဆုံးရႈံးသြားတာျဖစ္ႏိုင္တယ္။ ေသခ်ာေပါက္ ဒုတိယတစ္ခုဟာ မွန္ေနမွာပါပဲ။ ငါဟာ အသုံးမက်တဲ့ လူပ်က္တစ္ေယာက္အျဖစ္ မင္းေရွ႕မွာ အခ်ိန္ၾကာျမင့္စြာ ရပ္တည္ေနခဲ့တာကို။ ဒီအခ်က္ကေလးနဲ႔ မင္းဟာငါ့ကို စြန႔္ပစ္မွာမဟုတ္ဘူးဆိုတာ ငါေကာင္းေကာင္းသိပါတယ္။ ဒါေပမယ့္ အခ်ိန္ေႏွာင္းသြားခဲ့တယ္အခ်စ္ေရ။ ငါသိလိုက္ရတဲ့အခ်ိန္မွာ မင္းဟာငါ့ကို မင္းဘဝထဲကေန မ်ိဳးတူသံလိုက္ေတြ တြန္းကန္သလို၊ ဒါမွမဟုတ္ ရာစုႏွစ္အနည္းငယ္က ဥေရာပသားတခ်ိဳ႕ရဲ့ ကမာၻႀကီးဟာ ျပားေနတဲ့အေၾကာင္းသီအိုရီကို လူသားတစ္ထုလုံး ျငင္းဆိုၾကသလို ရႈေထာင့္ေပါင္းစုံက အေၾကာင္းအရာမ်ိဳးစုံ၊ နည္းမ်ိဳးစုံနဲ႔ ခါးခါးသီးသီး တြန္းထုတ္ခဲ့ပါတယ္။ ငါဟာ သိပ္ကို ရွည္လ်ားတဲ့ ဥပမာေပါင္းစုံ၊ နာမဝိေသသနေပါင္းစုံတပ္ထားတဲ့ စာေၾကာင္းေတြကို သေဘာက်တယ္။ မင္းကေတာ့ အင္မတန္မွ ရွင္းလင္းတိက်တဲ့ စာေၾကာင္းေတြကိုပဲ လက္ခံတယ္။ ဒီေနရာမွာတင္ ေသးငယ္တဲ့ ျငင္းခုန္မႈေလးေတြကအစျပဳၿပီး ငါတို႔ကို တစ္ႏွစ္စာကစလို႔ တစ္သက္စာအတြက္ ေဝးကြာမႈကို ဖန္တီးေပးထားၿပီးသားပဲ။ ဒါေပါ့ ေသခ်ာေပါက္ ငါ့ဘက္က ဖာေထးမႈေတြျပဳလုပ္ခဲ့ရင္၊ ငါဟာအခ်ိဳးေျပတဲ့ လူတစ္ေယာက္ျဖစ္ခဲ့ရင္ ငါတို႔ေဝးမွာမဟုတ္ပါဘူး။ ဒါေပမယ့္ မင္းရဲ႕မာနထက္မေလ်ာ့တဲ့ မာနေတြကို ငါဟာေမြးရာပါပိုင္ဆိုင္ခဲ့ပုံရတယ္။ တကယ္ေတာ့ မင္းရဲ႕ျပစ္တင္ေျပာဆိုမႈကို လက္မခံႏိုင္တာေၾကာင့္ ငါဟာ ငါမလုပ္ခဲ့တဲ့အမွားေတြအတြက္ ျပစ္ဒဏ္ခံေနရတယ္ဆိုတဲ့စကားကိုဆိုရင္း ငါ့ကိုငါေျဖသိမ့္ေနတာပါပဲ။ တကယ္ေတာ့ အရာအားလုံးဟာ ငါ့အမွားပါပဲ။ ဒါေၾကာင့္ ငါ့ရဲ႕အရာရာကို ပုံေအာေပးဖို႔ထိုက္တန္တဲ့လူသားကေလးေရ အခ်ိန္ေႏွာင္းၿပီမွန္းသိေပမယ့္ ေတာင္းပန္စကားေတာ့ဆိုပါရေစ။ ငါမွားခဲ့ပါတယ္ကြယ္။ ခြင့္လႊတ္စကားဟာ ငါနဲ႔မထိုက္တန္မွန္းသိတဲ့အတြက္ ဒီအေၾကာင္းကို အနည္းငယ္မွ်မဟရဲခဲ့ပါဘူး။ ဒါေၾကာင့္ ထပ္ၿပီးေျပာပါရေစ။ ကိုယ္မွားခဲ့ပါတယ္ကြယ္။

ရောက်တတ်ရာရာ အက်ဆေးများWhere stories live. Discover now