ဒီလူနဲ့ပတ်သတ်သမျှတော့
ကျွန်တော့်မယ် လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့
နာကျင်မှုတွေသာရှိမယ်။
တစ်ခါက ဒီလူမပါတဲ့ ကြောက်မက်ဖွယ်
အိမ်မက်တွေအကြောင်းပြောတော့
ဒီလူဟာ ခပ်ယဲ့ယဲ့ပြုံးပြီး လှောင်ရယ်သတဲ့။
နောက်ထပ် ဒီလူနဲ့ပေါင်းဖက်ခွင့်ရမယ့်အကြောင်းတွေပြောတော့
အိမ်မက်တွေကို မျှော်လင့်နေရင်
မင်း ရူးသွားမယ်လို့
ရူးသွပ်ဖွယ် မျှော်လင့်ချက်မဲ့မှုကိုပေးတယ်။
တစ်ခါက အစချီတဲ့ပုံပြင်တွေကိုပြောပြတယ်။
ကျွန်တော်ကြားလောက်မယ့် အသံနဲ့
သီချင်းတွေကို ခပ်တိုးတိုးငြီးတယ်။
သူရဲ့ ရှင်သန်မှုမှာ ကျွန်တော်ဟာ
တစ်စိတ်တစ်ပိုင်းတောင် အရာရောက်ခွင့်မရကြောင်း
တစ်ပါးသူကြောင့် ဖြစ်တည်လာတဲ့
သူ့အပြုံးတွေကဖော်ပြနေတယ်။ ။
---
ဒီလူနဲ႔ပတ္သတ္သမွ်ေတာ့ကြၽန္ေတာ့္မယ္ လက္ဆုပ္လက္ကိုင္ျပစရာဆိုလို႔နာက်င္မႈေတြသာရွိမယ္။
တစ္ခါက ဒီလူမပါတဲ့ ေၾကာက္မက္ဖြယ္အိမ္မက္ေတြအေၾကာင္းေျပာေတာ့ဒီလူဟာ ခပ္ယဲ့ယဲ့ၿပဳံးၿပီး ေလွာင္ရယ္သတဲ့။
ေနာက္ထပ္ ဒီလူနဲ႔ေပါင္းဖက္ခြင့္ရမယ့္အေၾကာင္းေတြေျပာေတာ့အိမ္မက္ေတြကို ေမွ်ာ္လင့္ေနရင္မင္း ႐ူးသြားမယ္လို႔႐ူးသြပ္ဖြယ္ ေမွ်ာ္လင့္ခ်က္မဲ့မႈကိုေပးတယ္။
တစ္ခါက အစခ်ီတဲ့ပုံျပင္ေတြကိုေျပာျပတယ္။ကြၽန္ေတာ္ၾကားေလာက္မယ့္ အသံနဲ႔သီခ်င္းေတြကို ခပ္တိုးတိုးၿငီးတယ္။
သူရဲ႕ ရွင္သန္မႈမွာ ကြၽန္ေတာ္ဟာတစ္စိတ္တစ္ပိုင္းေတာင္ အရာေရာက္ခြင့္မရေၾကာင္းတစ္ပါးသူေၾကာင့္ ျဖစ္တည္လာတဲ့သူ႔အၿပဳံးေတြကေဖာ္ျပေနတယ္။ ။