တကယ်လို့များ ငါ့ရဲ့အမျိုးသမီးကလေးဟာ သူမြတ်နိုးရတဲ့ တစ်စုံယောက်ကိုရှာတွေ့သွားတဲ့အခါ။
တကယ်လို့များ ငါ့ရဲ့အမျိုးသမီးကလေးဟာ သူမြတ်နိုးရတဲ့ တစ်စုံယောက်ကိုရှာတွေ့သွားတဲ့အခါ။ ဒီအတွေးဟာ ငါ့ကိုစီးကရက်တွေအဆက်မပြတ်ခဲမိအောင် လုပ်နိုင်စွမ်းရှိတာပဲ။ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုထပ်ပေါင်းထည့်ရရင် သေချာပေါက် အိပ်ပျက်ညတွေပဲ။ နောက်ထပ်က ခါးသက်သက် ရေမရောတဲ့ ဝီစကီအချို့ရောပေါ့။ လူတစ်ယောက်ကို အနည်းငယ်စိတ်ထိခိုက်စေမယ့် ကဗျာတချို့ကတော့ မပါမဖြစ်ပေါ့။
တကယ်လို့များ ငါ့ရဲ့အမျိုးသမီးကလေးဟာ သူမြတ်နိုးရတဲ့ တစ်စုံယောက်ကိုရှာတွေ့သွားတဲ့အခါ။ ငါဟာ ဘယ်တုန်းကမှ မင်းကိုပိုင်ဆိုင်ခွင့်မရခဲ့သလို၊ တရားဝင်မျှော်ငေးကြည့်နေခွင့်လေးတောင် မရခဲ့ပါဘူး။ ပိုင်ဆိုင်မှုအနည်းဆုံးလူဟာ ဆုံးရှုံးမှုအနည်းဆုံးလူဖြစ်တယ်တဲ့။ မင်းကိုမပိုင်ဆိုင်တဲ့ငါဟာတော့ ဘာမှဆုံးရှုံးစရာမရှိလောက်ဘူးထင်ပါရဲ့ကွယ်။ ထင်ပါရဲ့ကွယ်။
တကယ်လို့များ ငါ့ရဲ့အမျိုးသမီးကလေးဟာ သူမြတ်နိုးရတဲ့ တစ်စုံယောက်ကိုရှာတွေ့သွားတဲ့အခါ။ အချိန်နဲ့အမျှ မင်းကိုငေးရင်းရှင်သန်လာတဲ့ ဒီကောင်ဟာ မင်းနဲ့ပတ်သတ်သမျှ ဘာတစ်ခုမှ မသိခဲ့ပါဘူး။ ဒါပေမယ့်အချစ်ရေ။ ငါ့ဘဝရဲ့ နောက်ဆုံးဆန္ဒလို့ သဘောထားပေးပြီး မင်းရဲ့ မင်္ဂလာဆောင်မှာ မိန့်ခွန်းပြောခွင့်ပေးပါ။ ငါ့ဆီက မင်းသိပ်စိတ်တိုင်းမကျခဲ့တဲ့ ဂီတအချို့ကို ချပြခွင့်ပေးပါ။
တကယ်လို့များ ငါ့ရဲ့အမျိုးသမီးကလေးဟာ သူမြတ်နိုးရတဲ့ တစ်စုံယောက်ကိုရှာတွေ့သွားတဲ့အခါ။ စည်းတွေကို မင်းမတားပါပဲနဲ့ ငါကိုယ်တိုင်စောင့်ခဲ့ပြီး။ မင်းကစည်းတွေတားထားတဲ့အခါ ငါကကျော်ဖြတ်ဖို့ ကြိုးစားနေမိခဲ့တာကို သတိရသေးတယ်။ အခုတော့ဖြင့် မင်းဟာကျေကျေနပ်နပ်နဲ့ တစ်စုံတစ်ယောက်ကို စည်ကျော်ခွင့်ပေးတယ်။ ဒါမှမဟုတ် အဲ့ဒီလူအတွက် ဘာစည်းမှတားမထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲ့ဒီအရာဟာ တစ်ချိန်က ငါရခဲ့တဲ့အခွင့်အရေးဆိုတာကို နောင်တပေါင်းများစွာနဲ့ ပရိတ်သတ်ထဲကတစ်ယောက်နေရာမှာ တွေးနေမယ်။ ပြီးရင်တော့ အသက်မပါတဲ့ အပြုံးတွေနဲ့ လက်ခုပ်တီးပေးမယ်။ ငါရင်နှင့်အမျှတော့ ဂုဏ်ပြုပေးနိုင်မှာပါအချစ်ရေ။
---
တကယ္လို႔မ်ား ငါ့ရဲ႕အမ်ိဳးသမီးကေလးဟာ သူျမတ္ႏိုးရတဲ့ တစ္စုံေယာက္ကိုရွာေတြ႕သြားတဲ့အခါ။
တကယ္လို႔မ်ား ငါ့ရဲ႕အမ်ိဳးသမီးကေလးဟာ သူျမတ္ႏိုးရတဲ့ တစ္စုံေယာက္ကိုရွာေတြ႕သြားတဲ့အခါ။ ဒီအေတြးဟာ ငါ့ကိုစီးကရက္ေတြအဆက္မျပတ္ခဲမိေအာင္ လုပ္ႏိုင္စြမ္းရွိတာပဲ။ သူ႔ရဲ႕လုပ္ႏိုင္စြမ္းေတြကိုထပ္ေပါင္းထည့္ရရင္ ေသခ်ာေပါက္ အိပ္ပ်က္ညေတြပဲ။ ေနာက္ထပ္က ခါးသက္သက္ ေရမေရာတဲ့ ဝီစကီအခ်ိဳ႕ေရာေပါ့။ လူတစ္ေယာက္ကို အနည္းငယ္စိတ္ထိခိုက္ေစမယ့္ ကဗ်ာတခ်ိဳ႕ကေတာ့ မပါမျဖစ္ေပါ့။
တကယ္လို႔မ်ား ငါ့ရဲ႕အမ်ိဳးသမီးကေလးဟာ သူျမတ္ႏိုးရတဲ့ တစ္စုံေယာက္ကိုရွာေတြ႕သြားတဲ့အခါ။ ငါဟာ ဘယ္တုန္းကမွ မင္းကိုပိုင္ဆိုင္ခြင့္မရခဲ့သလို၊ တရားဝင္ေမွ်ာ္ေငးၾကည့္ေနခြင့္ေလးေတာင္ မရခဲ့ပါဘူး။ ပိုင္ဆိုင္မႈအနည္းဆုံးလးဟာ ဆုံးရႈံးမႈအနည္းဆုံးလူျဖစ္တယ္တဲ့။ မင္းကိုမပိုင္ဆိုင္တဲ့ငါဟာေတာ့ ဘာမွဆုံးရႈံးစရာမရွိေလာက္ဘူးထင္ပါရဲ႕ကြယ္။ ထင္ပါရဲ႕ကြယ္။
တကယ္လို႔မ်ား ငါ့ရဲ႕အမ်ိဳးသမီးကေလးဟာ သူျမတ္ႏိုးရတဲ့ တစ္စုံေယာက္ကိုရွာေတြ႕သြားတဲ့အခါ။ အခ်ိန္နဲ႔အမွ် မင္းကိုေငးရင္းရွင္သန္လာတဲ့ ဒီေကာင္ဟာ မင္းနဲ႔ပတ္သတ္သမွ် ဘာတစ္ခုမွ မသိခဲ့ပါဘူး။ ဒါေပမယ့္အခ်စ္ေရ။ ငါ့ဘဝရဲ႕ ေနာက္ဆုံးဆႏၵလို႔ သေဘာထားေပးၿပီး မင္းရဲ႕ မဂၤလာေဆာင္မွာ မိန႔္ခြန္းေျပာခြင့္ေပးပါ။ ငါ့ဆီက မင္းသိပ္စိတ္တိုင္းမက်ခဲ့တဲ့ ဂီတအခ်ိဳ႕ကို ခ်ျပခြင့္ေပးပါ။
တကယ္လို႔မ်ား ငါ့ရဲ႕အမ်ိဳးသမီးကေလးဟာ သူျမတ္ႏိုးရတဲ့ တစ္စုံေယာက္ကိုရွာေတြ႕သြားတဲ့အခါ။ စည္းေတြကို မင္းမတားပါပဲနဲ႔ ငါကိုယ္တိုင္ေစာင့္ခဲ့ၿပီး။ မင္းကစည္းေတြတားထားတဲ့အခါ ငါကေက်ာ္ျဖတ္ဖို႔ ႀကိဳးစားေနမိခဲ့တာကို သတိရေသးတယ္။ အခုေတာ့ျဖင့္ မင္းဟာေက်ေက်နပ္နပ္နဲ႔ တစ္စုံတစ္ေယာက္ကို စည္ေက်ာ္ခြင့္ေပးတယ္။ ဒါမွမဟုတ္ အဲ့ဒီလူအတြက္ ဘာစည္းမွတားမထားတာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ အဲ့ဒီအရာဟာ တစ္ခ်ိန္က ငါရခဲ့တဲ့အခြင့္အေရးဆိုတာကို ေနာင္တေပါင္းမ်ားစြာနဲ႔ ပရိတ္သတ္ထဲကတစ္ေယာက္ေနရာမွာ ေတြးေနမယ္။ ၿပီးရင္ေတာ့ အသက္မပါတဲ့ အၿပဳံးေတြနဲ႔ လက္ခုပ္တီးေပးမယ္။ ငါရင္ႏွင့္အမွ်ေတာ့ ဂုဏ္ျပဳေပးႏိုင္မွာပါအခ်စ္ေရ။
