Zawgyi
သူမကိုတစ်ခြားကလေးတွေ ကြောက်ရွံ့ တဲ့ အကြည့်နဲ့ဝိုင်းကြည့်နေကြတယ်။သိပ်ကို
စိတ်ရှုပ်ဖို့ကောင်းတဲ့ အကြည့်တွေ။သူမ ဘာမှလည်းမလုပ်မိဘဲ ကြောက်ရွံ့ နေကြတယ်။အော် တစ်ခုတော့ရှိတာပေါ့ သူမ လက်ထဲမှာသိပ်ကိုထက်လှပါတယ်ဆိုတဲ့ခဲတံချွန်တဲ့ဓားလေးတစ်ချောင်း
ပြီးတော့ အဲ့ဓားလေးက သူမခွင့်ပြု ချက်မရဘဲ သူမ
ပစ္စည်းကိုလာရောက် ကိုင်တွယ်တာလို့ နောက်မလုပ်ရဲ
အောင် ထိုကောင်လေးရဲ့လက်ထဲ စိုက်ဝင်နေရုံလေး လုပ်မိခြင်းသာဖြစ်သည်။ဘာကြောင့်များ သူမ ကို
အပြစ်တင်တဲ့စိတ်နဲ့ကြည့်နေကြသလဲဆိုတာကိုတော့ နားမလည်နိုင်ပါ။ဒီကိစ္စမှာ အပြစ်ရှိတာ ခင်လေး
မှမဟုတ်ဘဲ။'ခင်လေးနွယ် လက်ကိုလွှတ်လိုက် တီချယ်ပြောနေ
တယ်'သူမ ဘေးနားသို့ရောက်လာသော အတန်းပိုင်ဆရာမ၊ကျောင်းအုပ်ကြီးနှင့်ဆရာမတစ်ချို့။တစ်ပတ်တောင်မပြည့်သေးပါ ကျောင်းထပ်ပြောင်းရအုန်းမည်။သူမ ဒီစာသင်နှစ်အတွင်း ပြောင်းခဲ့ရသည်
ကျောင်းများမှာ လက်ချိုးရေ၍ပင်ရနိုင်ပါ့မည်လား မသိတော့။သို့သော်မည်သို့သောအခါမျှ မင်နီအတားမခံရပေ။အင်း သူမ ပထွေးဟုဆိုသည့် လူကြီး၏ အာဏာကြောင့်သာဖြစ်ပေလိမ့်မည်။'ဝတ်ရည် ကို ကိုယ်သဘောကျနေတာကြာပြီ ကိုယ့်အချစ်ကိုလက်ခံပေးနိုင်မလား'
သူမ သိပ်ကိုစိတ်ရှုပ်မိသည်။သူမနား လူကြီးလူကောင်းတစ်ယောက် ပီသစွာ ခင်မင်ရင်နှီးချင်ရုံဟူသော ခေါင်းစဉ်ဖြင့် ချည်းကပ်လာသော်လည်း နောက်ဆုံးတွင် ဒီဘူတာကိုပင် ဆိုက်ရောက်ပြန်သည်။
'တောင်းပန်ပါတယ် ကျွန်မ ရှင့်ကိုမိတ်ဆွေတစ်ယောက်ထက် မပိုနိုင်ဘူး ဒါဆိုရင် ခွင့်ပြု ပါအုန်း'
'နေပါအုန်း ဝတ်ရည်ရဲ့ ကိုယ်ပြောတာကို ဆုံးအောင်နားထောင်ပါအုန်း' သူမ လက်ကိုလှမ်းဆွဲကာ
ပြောလာသောကြောင့် စိတ်ရှုပ်မိပေသည်။
YOU ARE READING
Psychopath
Romanceမ ကိုပိုင်ဆိုင်ရဖို့ဆိုရင် ကိုယ်တိုင်လည်းသေရဲသလို အကုန်လုံးကိုလည်း သတ်ပစ်နိုင်တယ်။ မ ကိုပိုင်ဆိုင်ရဖို့ဆိုရင် ကိုယ်တိုင်လည်းသေရဲသလို အကုန်လုံးကိုလည်း သတ်ပစ်နိုင်တယ်။