Part 5

2.3K 96 24
                                    

Unicode

ခင်​လေး မ ချိန်းထားသည့်ကန်တင်းသို့ မ​ပြေးရုံတမယ်​လျှောက်လာမိသည်။အတန်းချိန်ဖြစ်​နေသည့်အတွက် ​ကျောင်းသားတစ်ချို့သာရှိ​လေသည်။မိန်းလမ်းမကြီးမှ​ကွေ့ဆင်းလာလျှင် ခင်​လေးတို့ဆုံ​ေ​နကြ နွယ်ချိုကန်တင်းကို​ရောက်​လေသည်။ခင်​လေး ​ခြေလှမ်းကျဲများဖြင့်​​လျှောက်လာရင်း ကန်တင်းသို့လှမ်းကြည့်လိုက်မိသည်။​လမ်းမဘက်ကို​ကျော​ပေးကာထိုင်​နေ​သော ထိုအမျိုးသမီးကို ခင်​လေးအ​ဝေးမှလှမ်းမြင်ရုံနှင့် အတိုင်းမသိ​ပျော်ရွှင်မိသည်။ခင်​လေး ဘဝတွင်လူတစ်​ယောက်ကိုယခု​လောက်မျှထိ နက်နက်ရှိုင်းရှိုင်း ချစ်မြတ်မနိုးဖူးခဲ့၊မတပ်မက်မိခဲ့ပါ။ထိုအမျိုးသမီး၏ မျက်ဝန်းဘေးရှိမှည့်နက်​သေး​သေး​လေးမှအစ လှုပ်ရှားမှုအဆုံးချစ်မြတ်နိုးရပါသည်။

' မ '

'​အွန်း က​လေး တို့​လေ က​လေးကိုချိန်းလိုက်ပြီးမှ​မေ့သွားတယ် စာသင်ချိန်ကြီးဖြစ်​နေတာကို​လေ'​တောင်းပန်သည့်အကြည့်​လေးဖြင့်​ပြောလာ​သော မ ကို ခင်​လေးလိုချင်တပ်မက်မိသည်မှာခင်​လေးအမှားမဟုတ်​ပေ။

'​အော် မ ကလည်းမဟုတ်တာပါ ခင်​လေး အတန်းချိန်မရှိပါဘူး'

'အမ် မတက်တာလားမရှိတာလား'မျက်ခုံးတစ်ဖက်ပင့်ကာ မချိုမချဥ်ပုံစံက​​​လေးဖြင့် သူမကိုလှမ်းစ​​လေသည်။

'နှစ်ခုစလုံးပါဘဲ'

'မ က က​လေးကိုအိမ်ကထည့်လာတာ​လေး​ကျွေးချင်လို့ပါ ​ကျွေးချင်တာဘဲသိပြီးစိတ်​​လောသွားလို့လှမ်းဆက်လိုက်မိတာ'

ပိုးဥ သူမယူလာသည့်ထမင်းချိုင့်​လေးကိုထုတ်ကာ ထိုက​လေးမ​ရှေ့သို့တွန်းပို့လိုက်သည်။

'တို့ကတစ်ခါတစ်​လေမှ​အိမ်ကလူ​တွေကိုကိုယ်တိုင်ချက်​ကျွေးတာ​လေ မနက်ကအိမ်အတွက်ဂဏန်းမဆလာ​လေးချက်ရင်းနဲ့ က​လေးမလည်းစားရ​အောင်လို့ ပိုထည့်လာလိုက်တာ'

ဂဏန်းအသားများဖြင့်သာပြည့်​နေ​သောချိုင့်ကိုကြည့်လိုက် ထိုအမျိုးသမီးကိုကြည့်လိုက်ဖြင့် သူမတစ်​ယောက်တည်းအလုပ်ရှုပ်​နေ​လေသည်။ခင်​လေး ငယ်ငယ်ကတည်းက ပင်လယ်စာစားမိလျှင် allergic
ထတတ်သည်။ထိုအမျိုးသမီးမှာ​တော့ ဤအချင်းအရာကိုသိသည့်ဟန်မ​ပေါ်။မျက်လုံးဝိုင်း​လေးဖြင့်ကြည့်ကာ သူမချက်ထားသည်ကို မြည်းစမ်း​စေလို​နေသည်။

You've reached the end of published parts.

⏰ Last updated: Jun 18, 2022 ⏰

Add this story to your Library to get notified about new parts!

PsychopathWhere stories live. Discover now