Zawgyi
'ပိုးဥ မြန်မြန်လာအရေးကြီးသတင်းပြောစရာရှိတယ်'
သူမ ဘေးနားစားပွဲခုံကိုလက်ဖြင့်ပုတ်၍ မြန်မြန်လာရန်ပြောနေသော ယမုံကိုကြည့်ကာ သူမ၏နားရွက်လေးများကို သနားမိသည်။'နင် ငါ့ကိုဘယ်ကကြားလာမှန်းမသိတဲ့ သတင်းတွေဆိုရင် လာမပြောပါနဲ့ဟာ တစ်နေ့တစ်နေ့ငါနဲ့လည်း မဆိုင်ဘဲ နားထောင်နေရတာငါ့နားရွက်လေးတွေကိုသနားတယ်'
'ဒီမှာ ဒေါ်ပိုးဥ အခုသတင်းကနင်နဲ့ 100%ဆိုင်တာသေချာတယ် နင်ဟိုတစ်နေ့က ပါးချလိုက်တယ်ဆိုတဲ့ကောင်လေ စာသင်နှစ်ဖြင့်ပြီးတော့မှာကို ကျောင်းထွက်သွားပြီဟ'
သူမ စာအုပ်ထုတ်နေရာမှ ယမုံဘက်သို့လှည့်ကာ
မသင်္ကာသည့်အကြည့်ဖြင့်ကြည့်လိုက်မိသည်။'မယုံလို့မရဘူး တကယ်ပြောတာပိုးဥ ပြီးတော့ဒီသတင်းကတော့ ငါအတွင်းလူတွေဆီကကြားခဲ့တာ ဘယ်သူမှတော့ မသိကြဘူး တစ်ယောက်စနှစ်ယောက်စလောက်ဘဲသိတာ'
'ပြောစရာရှိတာပြောစမ်းပါဟာ' သူမ စိတ်မရှည်သည့်ပုံဖြင့်ပြောတော့မှ ယမုံမှာ ဈေးမကိုင်တော့ဘဲပြောလာသည်။
'သူ နင့်နောက်ကိုလိုက်နေတုန်း ကျောင်းဝန်းထဲမှာ အနောက်ကနေချောင်းရိုက်ခံလိုက်ရတာတဲ့ ဒါပေမယ့်
ချောင်းရိုက်တဲ့သူက အကောင်ကြီးကြီးရဲ့သားသမီးဖြစ်နေတော့ ငွေပေါက်ပြီး ကျောင်းထွက်ခိုင်းလိုက်တယ် ဆိုဘဲ'သူမ စားပွဲပေါ်တွင်တင်ထားသော စာအုပ်နှင့်ယမုံခေါင်းကိုရိုက်လိုက်သည်။
'နင် မဟုတ်တာတွေဘယ်ကကြားလာပြန်တာလဲ အဲ့လို မဟုတ်တာတွေနားထောင်မယ့်အစား စာလေးဘာလေးနည်းနည်းပြန်ကြည့်တာမှ ဟုတ်အုန်းမယ်'ယမုံ ပြောတာကိုသာ သူမ စာသင်ချိန်တောက်လျှောက်စဉ်းစားနေခဲ့မိသည်။ထိုနေ့က သူမတို့နောက်တစ်ယောက်ယောက် လိုက်လာသည်မှာသေချာသည်။
ယမုံ ပြောသည့်အတိုင်းဆို သူမတို့နောက်လိုက်လာသူမှာ ဇွဲဝေယံပင်ဖြစ်လိမ့်မည်။သို့သော် ဇွဲဝေယံ ကို မည်သူ အနောက်မှချောင်းရိုက်နိုင်မည်နည်း။
သူမ စိတ်ထဲပေါ်လာသည်က ခင်လေးနွယ်ဆိုသည့် ထိုကလေးမ ပင်။ထိုနေ့က ထိုကလေးမ လက်တွင်သွေးတစ်ချို့စွန်းထင်းနေသည်ကိုတွေ့လိုက်မိသည်။သို့သော် ထိုကလေးမှာ အသားဖြူဖြူနှင့် လေတိုက်လျှင်ပင်လဲသွားနိုင်လောက်သည့် ပိုးဟပ်ဖြူ လေးပင်။
YOU ARE READING
Psychopath
Romanceမ ကိုပိုင်ဆိုင်ရဖို့ဆိုရင် ကိုယ်တိုင်လည်းသေရဲသလို အကုန်လုံးကိုလည်း သတ်ပစ်နိုင်တယ်။ မ ကိုပိုင်ဆိုင်ရဖို့ဆိုရင် ကိုယ်တိုင်လည်းသေရဲသလို အကုန်လုံးကိုလည်း သတ်ပစ်နိုင်တယ်။