Zawgyi
သူမ အတွက်ပထမဆုံးနေ့အတွေ့အကြုံသည် သိပ်ကို စိတ်ပျက်ဖို့ကောင်းလှသည်။သူမသည် ငွေကြေးချမ်း
သာ၍ ဂုဏ်အရှိန်အဝါရှိသူ၏သမီးဖြစ်လင့်ကစား အပေါင်းအသင်း မရှားပေ။သို့သော် ထိုအရာအားလုံးသည် အပေါ်ယံမျှသာဖြစ်သည်။မကြာခင်အချိန်အတွင်း ထိုအပေါ်ယံသာသာအရာအားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။'မမလေး ကျွန်တော့်ကိုနေ့လည်ကရှာခိုင်းထားတဲ့ လူရဲ့ကိုယ်ရေးမှတ်တမ်းပါ'
သူမ လက်ထဲသို့ရောက်လာသော ဖိုင်ကို တစ်ရွက်ချင်းစီလှန်ကာ ကြည့်မိသည်။ထိုအမျိုးသမီးနှင့်ပတ်သက်သော အကြောင်းအရာများမှအစ ဘာအရောင်
ကြိုက်နှစ်သက်သည်အဆုံး အရာအားလုံးပြည့်စုံစွာ
ပင်။'ပြီးတော့ မမလေးရှာခိုင်းတဲ့သူက သူဠေးသူငယ်ချင်းရဲ့သမီးလို့သိရပါတယ်'
သူမနှုတ်ခမ်းထက်ဝယ် အပြုံးတစ်ခုဖြစ်ထွန်းသွား
သည်။
'အင်း..ဟုတ်ပြီ ဟုတ်ပြီ ပိုးဝတ်ရည်ဆိုတဲ့ အဲ့အမျိုးသမီးက ခင်လေးအတွက်ဘဲဖြစ်ရမယ်''ပိုးဥ ဒီနေ့တင်ရမယ့်ဟာတွေပြီးပြီလား'
သူမ နောက်ဆုံးသတ်တစ်ချက်ပြန်စစ်လိုက်ရင်း
ခေါင်းငြိမ့်ပြလိုက်မိသည်။
'တစ်ခုခုသွားစားကြရအောင်လေ ယမုံ ငါဗိုက်ဆာနေ
ပြီ''ပိုးဥ ငါဘဲစိတ်ထင့်နေတာလား တကယ်ဘဲလား မသိ
ပေမယ့် ငါတို့အတန်းထဲကနေထွက်လာတဲ့အချိန်ကစ
ပြီး တစ်ယောက်ယောက် အနောက်ကနေလိုက်နေ
တယ်လို့ခံစားရတယ်'ယမုံ့စကားကြောင့် သူမရီလိုက်မိသည်။
'နင် စိတ်ထင်နေတာဖြစ်မှာပါ ဇာတ်လမ်းတွေလျှော့
ကြည့်သင့်နေပြီနော် ယမုံ ကြာလာရင် ပုလင်းဖင်
ဖြစ်တော့မယ်''အား သွားပြီ ဘယ်လိုလုပ်မလဲ ပိုးဥ ငါအခုမှ သတိရတယ် ငါ့ညီမငါ့ကို သူ့ဖိုင်ကျန်ခဲ့လို့ လာပို့ခိုင်းထားတာ ငါမေ့နေတယ်'
YOU ARE READING
Psychopath
Romanceမ ကိုပိုင်ဆိုင်ရဖို့ဆိုရင် ကိုယ်တိုင်လည်းသေရဲသလို အကုန်လုံးကိုလည်း သတ်ပစ်နိုင်တယ်။ မ ကိုပိုင်ဆိုင်ရဖို့ဆိုရင် ကိုယ်တိုင်လည်းသေရဲသလို အကုန်လုံးကိုလည်း သတ်ပစ်နိုင်တယ်။