Jungkookတစ်ယောက် အိမ်ပြန်ရောက်တော့
တစ်ကိုယ်လုံးပင်ပန်းလို့နေသည်။
နေ့လည်မှသွားတာဆိုပေမဲ့ Fansignပဲ
သွားခဲ့တာမဟုတ် Lilacတစ်ယောက္
မနက်ကသူ့ကိုစောင့်
ခိုင်းရကောင်းလားဆိုပြီး ညနေရောက်တော့
သူshoppingထွက်တာကိုလိုက်ကူရသေးသည်။
လိုက်ခိုင်းတာကလဲတခြားဟာကြောင့်မဟုတ်
သူ့၀ယ်သမျှအထုပ်ကိုလိုက်ဆွဲခိုင်းခြင်းသာ။Jungkookလဲခြေကုန်လက်ပန်းကြပြီး
ရေချိုးခန်းထဲ ၀င်လိုက်တော့သည်။
တစ်နေကိုယ်ပင်ပန်းနေလို့လားမသိ
ရေချိုးပြီးတာနဲ့တန်းအိပ်ချင်လာသည်။
ဒါပေမဲ့ သူ့ထယ်နဲ့တွေ့ခဲ့တဲ့အကြောင်းကို
ဒိုင်ယာရီရေးဖို့လိုသေးတဲ့အတွက်ကြောင့်
စာရေးစားပွဲ၌ထိုင်လိုက်သည်။ထို့နောက်သူနေ့လည်ကယူသွားတဲ့
အိတ်ထဲစာအုပ်ကိုကုန်းပြီးရှာနေတော့သည်။"ဟာ ဘယ်နားမှာလဲ စာအုပ်က
ငါဒီနေ့ယူသွားပါတယ် ဘာလို့မတွေ့ရတာလဲ?"Jungkookလဲပွစိပွစိရွတ်ရင်း
ဆက်ရှာနေသည်။"Lilacဆီများပါသွားလားမသိဘူး
ဖုန်းဆက်ကြည့်ဦးမှပါ"Jungkookတစ်ယောက်Lilacဆီဖုန်းဆက်လိုက်မိသည်။ပထမတစ်ခါ ခေါ်တော့မကိုင်သေး
ဒုတိယတစ်ခါခေါ်မှ လာကိုင်တော့သည်။"Hello Lilacနင့်ဆီငါ့ဒိုင်ယာရီစာအုပ်ပါသွားသေးလား ပါသွားရင် ဖွင့်မဖတ်နဲ့နော် ငါမနက္မှလာယူမယ်"
"ဖွင့်ဖတ်ဖို့မပြောနဲ့ ငါ့ဆီနင့်စာအုပ်နဲ့တူတဲ့အမျိုးအစားတောင်မရှိဘူး ငါ့ဆီ မပါလာပါဘူး သေချာမရှာပဲနဲ့ kookနင်ဟာလေ"
"ငါသေချာရှာပြီးသွားပြီ ဘယ်နေရာမှာမှမတွေ့ဘူး ဘယ်လိုလုပ်မလဲတစ်နေရာရာမှာများ ပြုတ်ကျကျန်ခဲ့တာလားမသိဘူး အဲ့စာအုပ်ကပျောက်လို့မရပါဘူးဆို ငါတော့သေချင်တော့တာပါပဲ Lilacရယ်"
"Kookနင်ကလေအမြဲနမော်နမဲ့နဲ့ အခုေတာ့ပျောက်ပြီ တစ်နေရာမှာကျကျန်ခဲ့တာဆိုရင်ဘယ်လိုလုပ်လို့ရတော့မှာလဲ အသစ်ထုတ်ပြီးပဲပြန်ရေးလိုက်တော့ပေါ့"
"နင်ကလဲ အဲ့ထဲမှာ အမှတ်တရတွေအများကြီးပါတာကိုငါကနှမြောတာပေါ့ ပြီးတော့ ငါ့ရဲ့Taehyungအပေါ်ထားတဲ့အချစ်တွေကိုအများကြီးရေးထားတာ"
![](https://img.wattpad.com/cover/263889661-288-k207974.jpg)
YOU ARE READING
"Fanboy မှသည် ကောင်လေးအဖြစ်သို့"(Completed)
RomanceSide love 💜Idol တစ်ယောက်ကို လိုတာထက် ပိုချစ်မိသွားသောကောင်ေလးတစ်ယောက်💜