Part 17

5.5K 458 8
                                    

Mrs Jeonတစ်ယောက်သူ့သားအတွက်
ကြက်သားဆန်ပြုတ်လေး ပြုတ်ပေးနေသည်။
ထို့နောက် lilacဆင်းလာတာတွေ့တော့

Mrs Jeon - lilacသမီးဘာလို့ဆင်းလာတာလဲ

Lilac - အတွဲကြား၀င်မကောင်းလို့ဆင်းလာတာပါ အန်တီ

Mrs.Jeon - ဒါဆို ဒါဆို

Lilac - ဟုတ်ပ အန်တီရေ အဆင်ပြေသွားကြပြီ

Mrs. Jeon - ကောင်းလိုက်တာ သားအတွက်ဆန်ပြုတ်လုပ်နေတာ ရပြီ ဆိုတော့သွားပို့လိုက်ဦးမယ်

Lilac - တံခါးခေါက်ဦးနော် မားရဲ့သားနှစ်ယောက်က အဟင်း ဟီး ဟီး

Mrs Jeon - လူယုတ်မာရီသံကြီးနဲ့ မိန်းကလေးကောဟုတ်ရဲ့လား😆

Lilac - ဟီးဟီး အန်တီကလဲ

Mrs.Jeon - ညည‌်းကောမယူသေးဘူးလား

Lilac - အန်တီကလဲ သမီးက သဘော်စီးရတာပဲ ဝါသနာပါတာ ကိုယ်တိုင်မောင်းတဲ့သူမဖြစ်ချင်ဘူး

Mrs.Jeon - ညည်းအတွက်တစ်ယောက်ရှာပေးဦးမှပါ

Lilac - အန်တီကလဲ မလိုပါဘူးဆို

Mrs Jeon - ဟားဟား ကဲကဲ သားကိုအစာအရင်ကျွေးမှရမယ် သွားပြီသမီးရေ

Lilac - ဟုတ်

Mrs.Jeonတစ်ယောက် အပေါ်ထပ်ကသူ့သားအခန်းကိုတက်လာခဲ့သည်။
ပထမတစ်ခါတံခါးခေါက်သည်။
မကြားကြ
ဒုတိယတစ်ခုခေါက်သည်။
မကြားသေးပေ။
တတိယတစ်ခါခေါက်သည်။
မကြားကြ
သူလဲစိတ်မရှည်တာနဲ့ ၀င်ချသွားတော့
မမြင်သင့်တာမြင်လိုက်ရတော့
လူက တိုးလို့တန်းလန်း

THလဲJkမား ၀င်လာတာသိလိုက်တော့
Jkကိုလွှတ်ပေးလိုက်သည်။
Jkကတော့ သူ့မားကိုမြင်တော့ပိုရှက်ပြီး
စောင်ကိုခေါင်းမူးခြုံလိုက်သည်။

Mrs.Jeon - ကဲ ကိုယ်တော် ရှက်ရင်‌လဲနောက်
္မှရှက်တော့ အခုဆေးသောက်ဖို့အစာစားမှရမယ်

Jk - မားကျွန်တော်မစားချင်ဘူး

TH - မားyoon ထားခဲ့လိုက်လို့ရပါတယ် ကျွန်တော်ရအောင်ကျွေးပြီးဆေးတိုက်လိုက်ပါ့မယ်

Mrs Jeon - သားထယ်ကိုပဲအားကိုးရတော့မှာပဲ
‌ကဲကဲ ဒါဆိုမားသွားတော့မယ် မင်းတို့လဲလုပ်စရာရှိတာဆက်လုပ်ကြပေါ့

"Fanboy မှသည် ကောင်လေးအဖြစ်သို့"(Completed)Where stories live. Discover now