Jungkookလဲလူအများအရှေ့အနမ်းခံလိုက်ရတာကြောင့် လူကတစ်ကိုယ်လုံးပူထူသွားခဲ့သည်။အဲ့တာကြောင့်ရှက်ရှက်နဲ့ထိုလူကြီးကိုတွန်းပြီးပြေးထွက်လာခဲ့တော့သည်။
ခန်းမထဲကထွက်လာပြီးမှ ဟိုတယ်ရဲ့အနောက်ဘက်ကရေကန်ေဘးနားသွားပြီး
ငူငူငိုင်ငိုင်ထိုင်နေမိသည်။ဒါက သူ့ရဲ့ပထမဆုံးအနမ်းလေ
V hyungနဲ့စိတ်ကူးယဉ်ထားသမျှကို
ထိုလူကြီးက သိမ်းပိုက်သွားခဲ့တာမလား?
သူ့မှာတွေးရင်းတွေးရင်းဒေါသကထွက်လာသည်။ ထို့အချိန်သူ့ဖုန်းလေးဆီမှ ဖုန်းလာလေသည်။တခြားသူတော့မဟုတ် Lilacတစ်ယောက်သူပျောက်လို့နေလို့ဖုန်းဆက်ခေါ်ခြင်းသာ။
...................................................
Time skipJungkookတစ်ယောက် Lilacအိမ်ကကားနဲ့လိုက်လာတာဖြစ်သောကြောင့်Lilacကပဲ ပြန်ပို့ပေးသည်။
ကားပေါ်၌Jungkookတစ်ယောက်ငြိမ်နေမှန်းသိ၍ Lilacဖက္မှစကားလာပြောလေသည်။"Kook နင့်ဟိုဘဲကြီးကနင့်ကိုကြွေနေတာထင်တယ် နမ်းတောင်နမ်းတဲ့ပုံထောက်ရင် "
"ဘာ ဘယ်....က....ငါ့...ဘဲ...ရ..မှာလဲ"
"ဟား ဟား စကားတောင်ထစ်နေပြီ
ဘယ်လိုလဲ ပထမဆုံးအနမ်းကချိုမြိန်ရဲ့လား""Lilacမ ငါစိတ်တိုနေတာနော်
နင်ပါအစစ်ပါသွားမယ်""အမယ် ကြိုက်ရင်ကြိုက်တယ်ပြောပေါ့ အိုက်တင်ကခံနေသေးတယ်"
"ဘာကိုကြိုက်ရမှာလဲ ရူးနေလား?"
"Kookဒါနဲ့လေ ငါအဲ့ဘဲကြီးကိုကြည့်ရတာTaehyungအိုပါးနဲ့တူသလိုပဲ နင်ကောဘယ်လိုထင်လဲ ငါပဲအထင်မှားနေတာလား"
"Taehyung hyungမဖြစ်နိုင်ပါဘူး
ဟိုလူကြီးက နှာဘူးကြီးကို
Taehyung hyungသာဆိုရင်အဲ့လိုငါ့ကိုအသားယူမှာမဟုတ်ဘူး""ဟုတ်လား ငါကသူ့ပုံစံကြည့်ရတာTaehyung အိုပါး လို့ပဲထင်နေတာ
ထားပါတော့"ထို့နောက်Jungkookအိမ်ရှေ့သို့ရောက်လာလေသည်။
"ကဲ Lilacမနက်ဖြန်ကျောင်းတက်ရမှာဆိုတော့ ဘယ်အချိန်သွားမှာလဲ"
"၉နာရီလောက်ပဲပေါ့ ငါလာခေါ်မယ်
အတူတူပဲသွားကြတာပေါ့""ကောင်းပြီ ဒါဆိုငါအိမ်ထဲ၀င်တော့မယ် လိုက်ပို့ပေးလို့ကျေးဇူး"
YOU ARE READING
"Fanboy မှသည် ကောင်လေးအဖြစ်သို့"(Completed)
RomanceSide love 💜Idol တစ်ယောက်ကို လိုတာထက် ပိုချစ်မိသွားသောကောင်ေလးတစ်ယောက်💜