Part 5

5.4K 504 13
                                    

"Jeon Jungkook!!!"

"ဘာလဲဗျာ မားရာ"

"ဟဲ့ ငါနင့်အမေမဟုတ်ဘူး Lilac
နင်ပြောတော့ငါ့ကိုကျောင်း 9နာရီသွားမယ်ဆိုအခုဟာက 9နာရီတောင်ခွဲတော့မယ်နင်ကအခုထိမထသေးဘူး"

"နင်ကလဲ‌ဒီနေ့မှကျောင်းစဖွင့်တာကိုဘာတွေလောနေတာလဲ"

"အဲ့တော့နင်ကမထသေးဘူးပေါ့ ငါ့ကိုစိန်ခေါ်တာလား‌ kook နင်ငါ့အကြောင်းသိတယ်မလားဟင်းဟင်း"

Jungkookတစ်ယောက်ထိုစကားကြားမှ ကုတင်ပေါ်ကကုန်းရုန်းထတော့သည်။
Lilacက အရင်တစ်ခေါက်တုန်းက သူ့ကိုအခုလိုပဲ
လာနိုးသည်လေ မထလို့ဆိုပြီး
ရေချိုးခန်းထဲ၀င်ပြီး ရေပုန်းနဲ့မျက်နှာကို
လာလောင်းပါလေရော။
ဒါကြောင့်Jungkookတစ်‌ေယာက်အမြန်ထတော့သည်။

Jungkookတစ်ယောက်ရေချိုးပြီးနောက်အ၀တ်အစားလဲပြီးဆင်းလာတော့
မနက် 10နာရီခွဲနေလေပြီ

"Kookရာ နင်ဟာလေ အမြဲဇွဲကို မရှိဘူး
ယောကျာ်းလေးဖြစ်ပြီး
တော်ကြာ V oppaလဲ နင်ဇွဲမရှိပုံနဲ့
တခြားလူဆီပါသွားဦးမယ်"

"ပါစရာလား ပိုင်မဲ့ပိုင်ငါပဲပိုင်မှာပေါ့"

"အေးပါဟယ် အဲ့မှာ ရပ်ပြီးစိတ်ကူးယဉ်မနေနဲ့
သွားကြရအောင်"

............................................................................

Time skip

ကျောင်းရောက်တော့ ပထမဆုံးနေ့ဆိုတော့
ထုံးစံအတိုင်း ဆရာ၊ဆရာမတွေကမအားလပ်ကြ
Jungkookနဲ့ Lilacလဲအခန်းထဲမှာ ထိုင်နေတာကြာနေလေပြီ။ ဘယ်သူမှအတန်းမ၀င်ကျတော့
Jungkookလဲ ဗိုက်ဆာနေလေပြီ။
သူထွက်လာတော့ဘာမှ မှမစားခဲ့ရပဲကိုး။

"Lilacငါတို့ကန်တင်းသွားပြီး တစ်ခုခုသွားစာကြ‌ရအောင်လေ။ ငါဗိုက်ဆာနေပြီ"

"အေး ငါလဲဆာနေပြီ သွားကြတာပေါ့"

သူတို့လဲအခန်းထဲကအထွက် ကောင်မလေးတွေတစ်ပြုံကြီး ပြေးလာတာကိုမြင်လိုက်သည်။
ကောင်မလေးတွေဘာကြောင့်ပြေးနေမှန်းမသိသေးတာကြောင့် သူတို့နှစ်ယောက်လဲ
လူအုပ်ကြီး နဲ့ဝေးအောင်ခနစောင့်နေလိုက်သည်။
သို့သော် ဖြစ်ချင်တော့ သူတို့အခန်းထဲကို
ထိုလူအုပ်ကြီးက၀င်လာလေသည်။
ထိုအထိသူတို့နှစ်ယောက်သတိမထား‌မိသေး။

"Fanboy မှသည် ကောင်လေးအဖြစ်သို့"(Completed)Where stories live. Discover now