CRPH အလှူငွေထည့်ဝင်လှူဒါန်းထားတဲ့
ညီမလေး Xiao Huli အတွက်ရေးပေးထား
တဲ့ One Shotလေးတစ်ပုဒ်ပါ။ဖတ်ကြည့်ပြီးစိတ်အပန်းဖြေနိုင်ပါစေရှင်။*******************************
နဂါးမင်းရေဆက်ပွဲ !ရေဖလားထဲအမွှေးနံ့သာထည့်ပြီးတရုတ်ရိုးရာနဂါးမင်းရုပ်ထုကိုလောင်းကြတယ်။
ပြီးတာနဲ့ရိုးရာဂျပ်ခုတ်ထည်ဝတ်ဆင်ထားတဲ့ယောကျာ်းလေး၊မိန်းကလေးတွေကနှစ်ယောက်တစ်တွဲ တွဲပြီးဖလားကိုယ်စီကိုင်လို့ သက်ကြီးရွယ်အိုတွေကိုအေးချမ်းစေတဲ့မေတ္တာရည်ပက်ဖြန်းကြတယ်။မြင်သမျှအရာရာတိုင်းကလှပတယ်။ရှောင်းကျန့်ကင်မရာမီးကလည်းတဖျက်ဖျက်။ယောကျာ်းလေးတွေကပုလွေကိုယ်စီနဲ့ရိုးရာအက ကပြီးမိန်းကလေးတွေကယပ်တောင်နဲ့မုဒြာကြာပန်းအကကိုသရုပ်ဖော်တယ်။ရှောင်းကျန့်လိုပဲ ဒေသခံလူမျိုးတွေရဲ့အလှပကိုမှတ်တမ်းတင်နေကြသူတွေလေးငါးယောက်ထက်မနည်းရှိနေတယ်။ဒီပွဲတော်နဲ့ဓလေ့ကို ခုမှမြင်ဖူးကြုံဖူးတာ။
ရှောင်းကျန့်ရောက်နေတဲ့အရပ်က တရုတ်ပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ဖူကျန့်ပြည်နယ်ထဲက ရှီလူမျိုးစုတွေနေထိုင်တဲ့ရွာဖြစ်တယ်။လက်ဖက်လုပ်ငန်းနဲ့အသက်မွေးပြီးရိုးရာဂျပ်ခုတ်လုပ်ငန်း လုပ်ကိုင်ကြတဲ့ တောင်ပေါ်တိုင်းရင်းသားတွေနေထိုင်ကြတာဖြစ်တယ်။
ဆူညံတဲ့စက်ကိရိယာအသံနေရာမှာ သာယာနာပျော်ဖွယ်ကျေးဌက်သံတွေအစားထိုးနေရာယူတယ်။မိုးမျှော်တိုက်တွေအစား ချစ်စရာကောင်းတဲ့ရိုးရာအိမ်လေးတွေရှိတယ်။တောင်တန်းနဲ့ပင်လယ်ဖြတ်ပြီးတိုက်ခတ်လာတဲ့လေကလည်း လတ်လတ်ဆတ်ဆတ် ပျော်စရာကောင်းလွန်းလို့ဒီအရပ်ကနေရှောင်းကျန့်မပြန်ချင်တော့ဘူး။
ညနေခင်းဆည်းဆာချိန်!
ပုစွန်ဆီရောင်ကောင်းကင်နောက်ခံထားပြီး
မှိုင်းညို့ညို့တောင်တန်းတွေပေါ် နေမင်းကမေးတင်လို့နေတယ်။ဟိုးအဝေးကဝူးယီတောင်တန်းအလှကရှောင်းကျန့်ကင်မရာထဲနေရာအချို့ယူသွားတယ်။ရွာသားတွေကတော့သစ်တုံးကြီးတွေကိုဖိုခနောင့်ဆိုင်ပုံစံပြင်နေကြတယ်။ညပွဲတော်အတွက်လို့ပြောကြတာပဲ ။ရှောင်းကျန့်ကတော့ ဘာသိလိမ့်မတုန်း။