ဖူးစာရှင် (Zawgyi)

519 35 1
                                    

CDM Funding ထည့္ထားတဲ့
ညီမေလးEi Jieအတြက္ပါ။
အရမ်းကောင်းတာမျိုးမဟုတ်ပေမဲ့
ကြိုးစားဖန်တီးပေးထားပါတယ်။

*************************

ဖူးစာနဲ့ပတ်သက်တဲ့ storyလေးတစ်ပုဒ်
ဖတ်ပြီး ပေါကြောင်ကြောင်အမေး၊အဖြေ
တူတူဖြေကြည့်ကြမယ်လေ။
Story လေးကဒီလိုစပါတယ်တဲ့ကွယ်။

🌹🌹🌹🌹🌹🌹🌹🌹

"နင်ကငါ့ဖူးစာဖက်မဟုတ်ဘူးတဲ့"

"ဘယ်သူပြောလဲ"

"ကျန့် ပြောတာ"

လာပြန်ပြီဒီကျန့်!
ပီကေကိုတဖောက်ဖောက်မှုတ်ရင်းကနှုတ်ခမ်းထောင့်စွန်းတစ်ဖက်မဲ့ကာလှောင်လိုက်မိသည်။ကောင်မလေးငြင်းလိုက်လို့
အပေါစားဒိုင်ယာလော့ခ်တွေရွတ်ပြီးဒူးထောက်မဲ့အထဲဝမ်ရိပေါ်မပါ။

‌အနေအထားပင်မပျက်။သို့ပေမယ့် ငြင်းခံရသည့်အကြောင်းရင်းက ပေါကြောင်ကြောင်နိုင်လွန်းလှသည်။ဝေဝေကပဲကြောင်သလား။ကျန့်ဆိုသည်ကပဲ အူသလားမပြောတတ်။ဒီခေတ်ကြီးထဲမှာ
ဗေဒင်ဟောတဲ့သူနဲ့ ယုံတဲ့သူနဲ့။လိုက်ဖက်လွန်းသည့်မိသားစုဝင်တွေ!

အလန်းစားBad Boyလေးဝမ်ရိပေါ်က
နိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့နာမည်ကြီး!
ရှုပ်ယှက်ခတ်နေတဲ့ဝတ်စားဆင်ယင်မှုအပြင် တိုးလို့တွဲလောင်း accessoriesတွေနဲ့လူကြီးတွေအမြင်မှာ ခပ်ဆိုးဆိုးကောင်လေးဖြစ်သည်။

ပွေရှုပ်သည်ကလည်းနှစ်ယောက်မရှိ။
ပွင့်လင်းတဲ့ခေတ်ကြီးကလည်းသူ့အတွက်
Serviceပေးသလားထင်ရသည်။ဝမ်ရိပေါ်နင့်ကိုငါသဘောကျလို့ တွဲကြည့်ရအောင်ဆိုတဲ့သတ္တိရှိတဲ့မိန်းကလေးတွေကလည်း
ဒုနဲ့ဒေး။

တစ်မူထူးချင်တဲ့စိတ်က ပြင်သစ်မေဂျာကနာမည်ကြီးရှောင်းဝေဝေကို သူ့ဖက်ကချစ်ရေးဆိုဖို့အကြောင်းဖန်လာသည်။ချောလွန်း၍မဟုတ်။အူတိအူကြောင်ကြားမို့!
ရှောင်းဝေဝေဘေးမှာအမြဲတစေ ကောင်မလေးတွေဝိုင်းနေတတ်သည်။
ဗေဒင်ကြည့်ခိုင်းသည်ဆိုပဲ။

"မင်းကစိတ်ဝင်စားစရာကောင်းတယ်
ငါနဲ့တွဲကြည့်မလား "

တစ်ကျောင်းလုံးပွက်လောရိုက်သွားသည်။
ဝမ်ရိပေါ်ဖက်ကစတွဲဖို့ကမ်းလှမ်းသည့် ပထမဆုံးမိန်းကလေးမို့။လေသံနားထောင်ရင် အထက်စီးဆန်နေတာတောင်တွေးကြဖို့ သတိမရတော့။

BJYX Special(For CDM Funding)Where stories live. Discover now