တချို့အရာတွေက
ငေးကြည့်ရတာလောက်ဘဲ ကောင်းတယ်...
ဥပမာ ငယ့် လိုပေါ့ ။.................................................................
'ငါတို့ဆက်ဆံရေးကို ရပ်လိုက်ကြရအောင်....ငါနင့်အပေါ်ခံစားချက်မရှိတော့ဘူး အရင်တုန်းကလည်းမချစ်ခဲ့ပေမယ့် အခုတော့ နင်နဲ့ပတ်သက်လို့ဘယ်အရာကမှပျော်မွေ့ချင်စရာမကောင်းတော့ဘူး'
'ဟင်... နင်နောက်နေတာမလားဟင် ငါဘယ်နေရာများမှားသွားတာလဲ ငါ ငါပြင်ပါမယ်... ငါ့ကိုတော့လွှတ်မချပစ်လိုက်ပါနဲ့ ငါတကယ်တောင်းပန်ပါတယ်... 'ဆိုပြီး လက်အုပ်ချီမတတ် တောင်းပန်တိုးသှျိုးနေတဲ့ လေသံနဲ့ တုန်လှုပ်နေတဲ့ အမျိုးသမီးလေးက ဖြူဖျော့ဖျော့ကောင်မလေးရှေ့ ဒူးထောက်ချတယ်...။
'မတောင်းပန်ပါနဲ့... ငါကလေ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးကြီးကို နင့်ကြောင့်နဲ့ သည်းခံနေခဲ့ရတာ
အခုတော့ ငါ့ကိုလွှတ်လပ်ခွင့်ပေးပါတော့
ငါ ပုံမှန်ဘဝကိုဘဲလိုချင်တယ် ငါ့ကိုလက်လျော့လိုက်ပါတော့'ဒီစကားတွေပြောနေတဲ့ သွန်းကြယ်စင်ဆိုတဲ့ ကောင်မလေးက သိပ်ရက်စက်တယ်... ပန်းကလေးလိုနူးနူးညံ့ညံ့ပုံနဲ့ သူ့ရဲ့ဘဝတစ်ခုလုံးကိုစုတ်ပြတ်သတ်အောင် စကားလုံးေတွသံုးပြီး စိတ်ကိုအခါခါသတ်ပစ်တယ်
ဒါကိုတောင် သူမက ဒီအမျိုးသမီးငယ်လေးကို ရင်နင့်အောင် မဟုတ်ဘူး ရင်နဲ့မဆံ့အောင်ကိုချစ်မိနေတုန်း!အရှေ့က အမျိုးသမီးလေးရဲ့ခြေဖမိုးတွေကို အားကိုးတကြီးဆုပ်ကိုင်လိုက်ပြီး
'အနာဂတ်မှာ နင်နဲ့အတူဆိုပြီး ငါ့အိပ်မက်တွေရှိသေးတယ် ကျေးဇူးပြုပြီး ဒီအရူးကို ငဲ့ညာပြီး.... ''မပြောနဲ့! နင့်ရဲ့စောက်ရူးဆန်တဲ့အိပ်မက်တွေအတွက် ငါဒီထပ်ပိုပြီး မမိုက်မဲချင်တော့ဘူး ငါ့အတွက်ကောင်းမယ့် အမျိုးသားတစ်ယောက်ရှာမယ် ပြီးရင် ပျော်စရာကောင်းတဲ့ဘဝလေးဖန်တီးမယ် ဒါငါပြောနိုင်တဲ့ စကားအကုန်ဘဲ နင်လည်းနင့်ဘဝမှာ နင်နေပြီးပျော်ေနနိုင်ပါစေ လရောင်သွင်! '
လေသံခပ်အေးအေးနဲ့ ပြောရင်း သူမချစ်ရတဲ့ အမျိုးသမီးလေးက သူမခြေထောက်တေွကိုဖက်တွယ်ထားတဲ့ သူ့ရဲ့လက်တွေကို မညှာမတာ တတ်နင်းပြီး သူမဘဝကြီးထဲက အပြီးအပိုင်ထွက်သွားပြီ.....။
ဒီတစ်ခါတော့ တကယ်ပြီးပြီထင်ပါရဲ့...။
YOU ARE READING
-အပိုင်းအစလေးများ-
Randomရေရေရာရာမရှိတဲ့ ခံစားချက်တွေကို ဇာတ်လမ်းတိုတစ်ပုဒ်အသွင်ပြောင်းပစ်လိုက်တယ်...။