နွေ ... နွေ .... နွေ
မိုးညတွေမှာ တွေ့ခဲ့တဲ့ သူမရဲ့ နွေ ။ သိပ်မနက်ပေမယ့် တယုတယ သိမ်းထားချင်တဲ့ ဒဏ်ရာကလေးနွေ ။ပါးပြင်ပေါ်က မှည့်နက်ကလေးကို စိုက်ကြည့်ရင်း တဖွဖွနမ်းချင်စိတ်တွေ ပေါက်မနေခဲ့ပါဘူးဆိုလျှင် သူမ လိမ်ရာကျမည်ပင် ။
သူငယ်ချင်းကိုမှ ချစ်မိသည့် သူမ ဘာအပြစ်တွေများရှိခဲ့လို့ ဒီစည်းပေါ်မှာ ရပ်နေရပါသလဲ သူမ သေချာမသိ ။"မေ ... နင် ငါ့ကိုငေးပြန်ပြီ"
ရုတ်တရက်ထွက်လာတဲ့ ငြိမ့်ညောင်းလှတဲ့ ဥဩငှက်လို အသံသေးသေးလေးကြားမှာ သူမှ ရင်ခုန်သံတွေ ထပ်လှိုင်းထတယ် ။
ဟုတ်ပါရဲ့ ... ဒီနွေကလေးကို ငေးမိတိုင်း လူမိတာလည်း အကြိမ်ကြိမ်ရယ် ။" အာ ဆောရီး" နွေ နင့်အလှမှာ ငါနည်းနည်း မှင်သက်သွားရုံကလေးပါ"
သူမရဲ့ အပြောကို နွေက မျက်စောင်းလှလှကလေးနဲ့တုံ့ပြန့်သည်ကြောင့် သူမရဲ့ ရင်ခုန်သံဟာ ပိုလို့တောင် စည်းချက်မမှန်တော့သည် အထိပင် ။
"မေရယ် ဘာတွေတွေးနေပြန်ပြီလဲ ... သွားရအောင်ပါ ကိုကိုအခုချိန်ဆို ချိန်းထားတဲ့ နေရာရောက်နေလောက်ပြီ"
ချစ်ဆိပ်တက်နေတဲ့ သူမ အခုမှ အိမ်မက်ထဲက လန့်နိုးလာသလိုမျိုး မွန်းကြပ်လာရပြန်သည် ။ ဟုတ်ပါရဲ့ သူမရဲ့ နွေဟာ ချစ်ရသူနဲ့တဲ့လေ ။
ခေါင်းတစ်ချက်ငြိမ့်ရင်း နွေနဲ့ သူမရဲ့ဆိုင်သူတို့တွေ့မယ့် နေရာစီသို့ လိုက်ပို့ရန် ဟန်ပြင်ရသည် ... ။
လမ်းတစ်လျှောက် နွေက စိတ်လှုပ်ရှားနေသည်ထင်ပါရဲ့ ... စကားတွေအများကြီးပြောနေလေပေမယ့် မေ့ခေါင်းထဲ ဘာမှသိပ်မဝင်သည်က အမှန် ။
ရင်ခုန်သံတွေကိုက်ခဲနေသည်ပြောရမလား ရင်ဘတ်ထဲက တဆစ်ဆစ်နာသည်လေ ။
ဒီညလည်း မျက်ရည်တွေနဲ့ ဖြတ်သန်းရဦးမည်ပင် ။.....
သူမရဲ့ နွေဟာ အဲ့နေ့ညက ငိုတယ် ... နွေငိုရင် ကမ္ဘာပျက်သူဟာ သူမဆိုတာ နွေမသိလေလျော့သလား ။ နွေ့ကို ငိုစေတဲ့အကြောင်းအရင်းကို သူမုန်းသည် ... လူတစ်ယောက်ဆိုလျှင်လည်း နွေ့အတွက်သာဆို ဖျက်စီးလိုက်ဖို့အထိ သူမဟာဆိုးသွမ်းနိုင်သည် ။

YOU ARE READING
-အပိုင်းအစလေးများ-
Randomရေရေရာရာမရှိတဲ့ ခံစားချက်တွေကို ဇာတ်လမ်းတိုတစ်ပုဒ်အသွင်ပြောင်းပစ်လိုက်တယ်...။