ExN 4

5 2 0
                                    

Unicode 👇🏻

" Hello! Good afternoon! Umm-

ကျွန်တော်Noelပါ။ Mr.Evanနဲ့၁နာရီခွဲappointmentယူထားပါတယ်။ "

" ဟုတ်ကဲ့။ ဒီcardလေးယူသွားပေးပါ။ ဒီဘေးက ဓာတ်လှေကားမှာ ဒီcardနဲ့swipeပြီး 12Bဆိုတဲ့ ခလုပ်ကိုနှိပ်ပါ။ ဘယ်ဘက်ချိုးရင် Mr.Evanရဲ့secretary deskရှိပါတယ်။ "

" ဟုတ် ဟုတ်။ ကျေးဇူးပါ။ "

လှမ်းပေးလာသည့် cardကိုယူကာ ခပ်မြန်မြန်လျှောက်သွားလိုက်၍ ဓာတ်လှေကားရှေ့ကscannerနားမှာ cardဖြတ်လိုက်၍ ပွင့်လာတော့ 12Bကိုနှိပ်လိုက်သည်။ Mr.Evanရဲ့ exclusiveအလွှာဖြစ်လိမ့်မည်။ တစ်ကယ်တော့ခလုပ်က 12Aနှင့်12B နှစ်ခုတည်း။ Buildingနှစ်ခုကို ပေါင်းဆောက်ထားသည့်ပုံဖြစ်တာကြောင့် ဟိုဘက်အခြမ်း ဒီဘက်အခြမ်းကို Aနှင့်Bသတ်မှတ်၍ ခွဲထားတာဖြစ်မည်။ ဒီဓာတ်လှေကားကလဲ Mr.Evanနဲ့ secretary/personal assistantတို့လောက်သာ သုံးသော သီးသန့်တစ်ခုဖြစ်လောက်သည်။

ဓာတ်လှေကားထဲမှာလည်း သူတစ်ယောက်ပဲရှိတာကြောင့် ခဏခဏသက်ပြင်းချနေမိသည်။ တကယ်တော့လူတွေနဲ့စကားပြောဆိုရတာတွေက သူ့အားသာချက်တော့မဟုတ်။ စကားပြောရတာထက် လူတွေလှုပ်ရှားသွားလာနေတာကို ထိုင်ကြည့်နေရတာမျိုးကို Noelပိုသဘောကျသည်။

* Ding

အတတ်နိုင်ဆုံးစိတ်ငြိမ်အောင်ထား၍ ပွတ်ခြေနေမိသော လက်နှစ်ဖက်ကို ခွာလိုက်ကာ ဓာတ်လှေကားထဲမှထွက်၍ ဘယ်ချိုးကာ ဆက်လျှောက်လိုက်တော့ fileတွေကို လှန်လှောကာ ဖုန်းကိုပုခုံးနှင့်ညှပ်၍ပြောနေသည့် charlotteကိုတွေ့လိုက်ရသည်။ ကြည့်ရတာ သူ့ထက်တောင်အများကြီး အသက်ကြီးပုံမပေါက်သော်လည်း အပြင်အဆင်နှင့် အလုပ်ကြောင့် ရင့်ကျက်နေသည့်ပုံကိုတွေ့ရသည်။ သူ့ကိုတွေ့တော့ ခလုပ်တစ်ခုကိုနှိပ်လိုက်၍ သူရောက်ကြောင်းလှမ်းသတင်းပို့သောအခါ ကြီးမားသော အမည်းရောင်တံခါးတစ်ချပ်က ဟ သွားလေသည်။

သူမဝင်ခင် နာရီကိုလှမ်းကြည့်မိတော့ ၁နာရီခွဲကျော်ခါနီးဖြစ်နေ၍ မကျော်စေရန် ခပ်မြန်မြန်လှမ်းဝင်လိုက်သည်။

သူအထဲဝင်ရောက်တာနဲ့ တံခါးပြန်ပိတ်သွားကာ သူလဲ အခန်းထဲကိုဝေ့ဝဲကြည့်မိသည်။

The N in my BrainDonde viven las historias. Descúbrelo ahora