Unicode 👇🏻
" Excuse me. "
ကျွန်တော့် အနောက်မှ Englishသံပီပီသသနှင့် ခေါ်လိုက်သည်ကိုကြား၍ ကျွန်တော် နောက်ပြန်လှည့်ကြည့်လိုက်သည်။
တစ်ဆက်တည်း စိတ်ထဲတွင်လည်း အလုပ်ခန့်ဖို့ ခေါ်တာဖြစ်ပါစေဟု ဆုတောင်းနေမိသည်။
ကျွန်တော်လှည့်ကြည့်လိုက်သောအခါ အခုလေးတင် store၌တွေ့ခဲ့သော အရှေ့တိုင်းသားသည် ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ရပ်လျက်ရှိသည်။
အမှောင်ရိပ် အနည်းငယ်ဖုံးနေသောကြောင့် ရုပ်ကို ပီပီပြင်ပြင်မမြင်ရ။
ထို့ကြောင့် ကျွန်တော့်အား အလုပ်ခန့်ချင်၍ ဟုတ်မဟုတ်ခန့်မှန်း၍ မရဖြစ်နေသည်။
" ဘာကူညီပေးရမလဲ? "
ကျွန်တော်လည်း သူ့ထက်သိပ်မညံ့သော American accentဖြင့် ပြန်ပြောလိုက်သည်။
* ဒီလူဟာ အရှေ့တိုင်းသား အချင်းချင်း သိသာနေလျက်နဲ့ ဘိုလိုလာမှုတ်နေသေးတယ်
" မင်းကို စောစောကဆိုင်မှာတုန်းက သတိထားမိလိုက်တယ်။
မေးခွန်းနည်းနည်းလောက် မေးလို့ရလား။ "
* အလုပ်ခန့်ချင်တာလဲမဟုတ်ပါလား။ ကြောင်တောင်တောင်နဲ့
ထိုလူကို ကြည့်၍ လေကြီးလေကျယ်နှင့် လူကြီးလူကောင်းဆန်ပြနေသည်ဟုသာ ကျွန်တော်တွေးမိသည်။
" မေးပါ။ ဒါပေမယ့် ဒီနေရာက နည်းနည်းမှောင်တယ်။ အရှေ့ဆက်လျှောက်တာပေါ့။ "
" Okay. "
ကျွန်တော့်စကားကို ခေါင်းငြိမ့်ကာ ဘေးမှ လျှောက်လာသော သူက ကျွန်တော်နှင့် ခြားနားစွာ အကြီးအကဲတစ်ယောက်လို အရှိန်အဝါတစ်မျိုးရှိနေသည်ကို ခံစားမိသည်။
လမ်းလျှောက်ပုံကလည်း ကျွန်တော် အကဲခတ်ကြည့်ရသလောက် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသည့် ပုံစံမျိုး။
ဝတ်ထားသည့် တန်ဖိုးကြီးမှန်းသိသာနေသည့် သေသပ်သော suitသည်လည်း အထက်တန်းကျသည့် အဆင့်အတန်းကို ဖော်ပြနေသည်။
မနှေးမမြန်လျှောက်လာကြရင်း အလင်းရောင်များသည့် နေရာနားရောက်လာသည့်အတွက် ကျွန်တော်သူ့ပေါ်မှ အကြည့်လွှဲလိုက်သည်။
YOU ARE READING
The N in my Brain
RomanceA famous New Yorker named Evan meets a brainy Korean called Noel. * This is just a work of fiction during this shitty crisis -.- EvanxNoel (အီဗန်xနိုဝဲလ်)