Part(8)

716 64 2
                                    

Unicode
********
"ဘာ!!!!!"

ခပ်ကျယ်ကျယ်အော်သံကြောင့် ရှေ့မှာတန်းစီရပ်နေသော အဖွဲ့သားတွေအကုန် တုန်သွားရ၏။

"အဖွဲ့ဝင်တံဆိပ်နဲ့ဓားက ဘာလို့ပါသွားရတာလဲ?
ဘယ်ကောင်ပေါ့ဆတာလဲ
ဒီလောက်လေးမှ စိတ်မချရရင် လုပ်ငန်းကို ဘယ်လိုလုပ်မှာလဲ
ဘယ်သူ့ဓားလဲသေချာစစ်ကြစမ်း ဓားပျောက်နေတဲ့ကောင်တွေ့ရင် သေဖို့ပြင်ထား ကြားလား"

"ဟုတ်ကဲ့ အစ်ကိုကြီး" (သံပြိုင်)

"အကုန်လုံး ဟုတ်ကဲ့ပဲတတ်နိုင်ကြတယ် သွား!!!
အကုန်ထွက်သွားကြစမ်း... DRAGONပဲနေခဲ့ကြ"

"ဟုတ်ကဲ့ အစ်ကိုကြီး" (သံပြိုင်)

အခန်းထဲက လူအကုန်ထွက်သွားပြီး တံခါးပိတ်လိုက်သည်ထိ ငြိမ်နေလိုက်သည်။
ဂိုဏ်းနှင့်ပတ်သတ်သည့် ထိပ်သီးခေါင်းဆောင်တွေချည်းသာ တက်ရောက်ကြသည်ဆိုပေမယ့် မသေချာသေးသောအချိန်မှာတော့ DRAGONနှင့်သာ တိုင်ပင်သင့်သည်ဟုထင်သည်။

DRAGONဆိုတာ DRAGONဂိုဏ်း၏ သစ္စာရှိလက်ရုံး၆ယောက်...
တစ်ယောက်စီက DRAGON၏ စာလုံးတစ်လုံးစီကို ကိုယ်စားပြုသည်။
DRAGON၆ယောက်၏အပေါ်တွင်တော့ ဂိုဏ်းချုပ်ရှိ၏။

BLACK DRAGON...
အင်အားအကြီးဆုံး မြေအောက်ဂိုဏ်းDRAGON၏ ဂိုဏ်းချုပ်...
ယခင်ဂိုဏ်းချုပ်ကြီး၏သား...
ဖခင်သွေးအပြည့်ပါကာ ရက်စက်သည် ၊ ဉာဏ်များသည် ၊ ဂိုဏ်းသားများအပေါ် ဂရုစိုက်သည် ၊ စောင့်ရှောက်သည်...
သို့သော် သစ္စာဖောက်လျှင်လည်း ရက်စက်စွာအပြစ်ပေးတတ်သည်။
ထို့ကြောင့်ဂိုဏ်းသားများက ချစ်ကြောက်ရိုသေကာ သစ္စာမဖောက်ရဲကြ...

သို့သော် လက်ရှိဂိုဏ်းချုပ်သည် အမှောင်လောက လုပ်ငန်းများကိုမနှစ်သက်ပေ။ ထို့ကြောင့် ဂိုဏ်း၏လုပ်ငန်းများကို တဖြည်းဖြည်းချင်း အလင်းဘက်သို့ပြောင်းယူသည်။
ဂိုဏ်းသား အသီးသီးကို နိုင်ငံအနှံ့တွင် ကိုယ်ပိုင်လုပ်ငန်းများတည်ထောင်ပေးကာ အေးချမ်းစွာနေနိုင်စေရန် ကြိုးပမ်းသည်။
BLACK DRAGONဂိုဏ်းချုပ် ဂိုဏ်းကိုဆက်ခံပြီး ၅နှစ်မြောက်တွင် တရားမဝင်လုပ်ငန်းများအား  ရပ်ဆိုင်းကာ
တရားဝင်လုပ်ငန်းများဖြင့် ဆက်လက်ရပ်တည်နေသည်။
သို့သော် မည်သို့ပင်အေးချမ်းစွာနေထိုင်ပါစေ ယခင်ပြိုင်ဘက်ဂိုဏ်းများ၊ ရန်ငြိုးရန်စများမှာ ကျန်ရှိနေသေးသည်ဖြစ်ရာ တစ်ခါတစ်ရံတွင်တော့ ယခုလိုစုစည်းကာ တုန့်ပြန်မှုများပြုလုပ်ရတတ်သည်။

Beloved Little CEOWhere stories live. Discover now