Part(16)

615 36 8
                                    

********
Unicode
********

မြေအောက်ဆင်းသည့် မှန်တံခါးရှေ့မှာ Gulfရောက်နေတာတော်တော်ကြာပြီဖြစ်သည်
ရှေ့ဆက်သွားရမလားနောက်ဆုတ်ရမလား...

မနက်စောစော နိုးလာတုန်းက ကိုကိုက Gulfကို ​ရင်ခွင်ထဲပွေ့ပိုက်ကာ ပြောခဲ့သည့်စကားတို့ကိုသာ အခါခါကြားယောင်နေမိသည်...

"ဒီအလုပ်တွေကို ထပ်မလုပ်နဲ့တော့နော်..."

"သူတို့နဲ့ အဆက်အသွယ်မလုပ်နဲ့တော့..."

"ကိုကိုစိတ်ပူတယ်ကလေးရဲ့..."

"ရှင်းစရာတွေရှိရင် ကိုကိုကရှင်းပေးမယ်..."

"ကလေးလေးက ဒီလိုလေးပဲ ကိုကိုရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေနော်.."

ကိုကို တယုတယ ပြောခဲ့သည့် စကားတို့ကို ပြန်လည်ကြားယောင်မိ င်း မျက်ရည်တို့က ပေါက်ခနဲကျလာသည်...

*တောင်းပန်ပါတယ် ကိုကို...*

Gulf ကိုကို့ကို စိတ်ထဲမှ တောင်းပန်စကားတို့ အထပ်ထပ်ဆိုလိုက်ရင်း ​ကိုယ်လုံးပေါ်မှန်ကြီး၏ ဘေးမှ အလှတပ်မီးအိမ်လေးကိုလှည့်လိုက်တော့သည်...

--------------------

"D... အခြေအနေတွေဘယ်လိုရှိလဲ... "

"Black Moonအဖွဲ့ကဆိုတာ သေချာသွားပြီအစ်ကိုကြီး..."

"ဟက်... ထင်တဲ့အတိုင်းပါပဲလား..."

ဒီတစ်ခါတော့ အတိအလင်း အပြတ်ရှင်းဖို့လိုပြီ...
Black Dragonသည် ဒီလိုရန်လာစနေသည်ကို ငြိမ်ခံနေမည်မဟုတ်...

"သူတို့ဘက်က ဒီလိုဆိုမှတော့ ဘယ်တတ်နိုင်ပါ့မလဲ... Rက Black Moonထဲက တို့လူတွေနဲ့ အချိတ်ဆက်လုပ်ပြီး .. Black Moonအဖွဲ့ရဲ့ အချက်အလက် အကုန်စုဆောင်းလာခဲ့... "

"ဟုတ်ကဲ့ အစ်ကိုကြီး!!!"

"Dက အစိုးရအဖွဲ့ဘက်က အခြေအနေကို တစ်ချက်စုံစမ်းထား... လိုအပ်ရင် သုံးရအောင်...
Aနဲ့ ကျန်တဲ့သူတွေက အဖွဲ့လက်ရွေးစင်တွေကို လူပြန်စုထား...
သစ္စာဖောက်မယ့်အရိပ်ယောင်မြင်ရင် တစ်ခါတည်းကိစ္စဖြတ်ခဲ့... နောက်မှ ဘာအသံမှ မကြားချင်ဘူး..."

"ဟုတ်ကဲ့ အစ်ကိုကြီး!!!"

"Black Moonကတော့ အိပ်နေတဲ့ နဂါးကို လာနှိုးမိသွားပြီပဲ... အဟက်..."
----------------------

Beloved Little CEOWhere stories live. Discover now