********
Unicode
********"ဟင်!!! ကိုကို... ကလေးစားဖို့ဆိုတာ ဒါလား..."
Gulfခဏနားပြီး ဆင်းလာတော့ စားပွဲတွင် အငွေ့တစ်ထောင်းထောင်းနှင့် ပူပူနွေးနွေး စွတ်ပြုတ်တစ်ပွဲကိုကိုင်ကာ စောင့်နေသော ကိုကို့ကိုတွေ့ရသည်...
"ဟုတ်တယ်လေ ကလေးလေးရဲ့...
ကလေးကခရီးကနေ ပင်ပန်းလာတော့ အားရှိဖို့လိုတယ်...
ဒါက ကိုရီးယားဂျင်ဆင်းနီ ၊ ငှက်သိုက်နဲ့ ကြက်သားကို တစ်ညလုံးပေါင်းထားတာ...
ကလေးအတွက် သီးသန့် ကိုကိုကိုယ်တိုင်လုပ်ထားတာ...
သောက်လိုက်နော်..."ကိုကိုက ဇွန်းလေးနှင့်ခပ်ကာ ခွံ့လာတော့ Gulfမငြင်းနိုင်တော့ပါ
၂ပတ်လုံး ကြက်ပေါင်းသာ သောက်လာခဲ့ရသည်မို့ မသောက်ချင်ပေမယ့်လည်းပေါ့..."ကလေးလေး... အလုပ်က အရမ်းပင်ပန်းနေတာလား...
ကလေးမျက်နှာလေးချောင်ပြီး ပိန်သွားတယ်...""ကိုယ့်အိမ်မှာမဟုတ်တော့ ညဘက်တွေသိပ်အိပ်မပျော်လို့ပါ... အလုပ်က အဆင်ပြေပါတယ်ကိုကိုရဲ့..."
"အဆင်မပြေတာရှိရင် ကိုကို့ကိုပြောနော် ကိုကိုကူညီမယ်...
ဒါမှမဟုတ် တခြားသူနဲ့လွှဲလိုက်တော့ကွာ... ကလေးပင်ပန်းနေတာ ကိုကိုမကြည့်ရက်တော့ဘူး...""လွှဲရမယ့်သူ မရှိသေးလို့ ကိုကိုရဲ့..."
"ကိုကိုက စကားအဖြစ်ပြောတာပါ... မလွယ်သေးမှန်း ကိုကိုသိပါတယ်... ဒါပေမယ့် ကလေးက ကိုယ့်ကျန်းမာရေးကိုတော့ ဦးစားပေးဂရုစိုက်ရမယ်နော်..."
"ဟုတ်ကဲ့ပါကိုကို..."
"ကိုကို့ကလေးလေးက လိမ္မာလိုက်တာကွာ... နောက်တစ်ပန်းကန်လောက်ထပ်သောက်လိုက်ဦးနော်..."
ကိုကို့ဆီက ချီးကျူးစကားကြောင့် ပျော်သွားသည့်စိတ်ကလေးက နောက်ဆက်တွဲ စကားကြောင့် လမ်းတစ်ဝက်တွင် ကြက်ပျောက်ငှက်ပျောက်...
*ဟင့်အင်း... တော်ပြီလေ... ဒီအရသာကြီးကိုမုန်းနေပြီ... ထပ်မထည့်နဲ့တော့လို့...*
"ရုပ်လေးက ဘာလို့သုန်မှုန်နေတာလဲ... ပြွတ်စ်... လာ... ဒီတစ်ဇွန်းလေးသောက်လိုက်..."
YOU ARE READING
Beloved Little CEO
FanfictionZawgyi ******** ဆုတံဆိပ်ပေါင်းများစွာနှင့် နာမည်ကောင်းလက်မှတ်များစွာကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော့်အတွက် ဘ၀မှာ အကြီးမားဆုံးနဲ့ ရာဇ၀င်အရိုင်းဆုံးအဖြစ်အပျက်က ဘာလဲသိလား..... ကိုယ်တစ်သက်လုံး ကလေးလို့သတ်မှတ်လာခဲ့တဲ့ အကောင်ပေါက်ရဲ့ ကွက်ကျော်ရိုက် လက်ထပ်ြ...