Zawgyi. .
ရှောင်ကျန့် နင်မရှိမှ ရိပေါ်က ငါ့ကိုပြန်ချစ်မှာ...
သူ့ကို ရေနဲ့ပတ်ပြီးနှိုးလိုက်.......!!!
ဗွမ်းးးးးးးးးးး💦💦
အဟွတ်...အဟွတ်..အဟွတ်....
ရှောင်ကျန့်.....သတိရလာတော့ သူ့ကိုယ်ကိုကြိုးနဲ့တုပ်ထားတာကိုသိလိုက်ရတော့အတင်းရုန်းနေမိတယ်...
ရုန်းနေလဲ ပင်ပန်းရုံပဲရှိမယ်...ရှောင်ကျန့်...
အသံလာရာကို ကြည့်လိုက်တော့ ဟိုမြွေပွေးကိုက်မယန်လီ..
ခင်ဗျား ဘာစိတ်ကူးနဲ့ကျနော့ကိုဖမ်းထားတာလဲ...
ရှောင်ကျန့် နင်က ဂြိုလ်ဆိုးပဲ....
နင်မရှိမှ ရိပေါ်က ငါ့ကိုပြန်ချစ်မှာ နင်က ငါတို့ကြားထဲမှာ ဝင်နှောက်နေတဲ့ အနှောက်အယှက်ကောင်ပဲ...
အဟက်...ကျနော်မရှိလဲ Daddyက ခင်ဗျားလို အယုတ်တမာမကို ပြန်ချစ်မယ်ထင်လား....ခင်ဗျားလိုလူမျိုးက Daddyရဲ့အချစ်ကို ရဖို့မပြောနဲ့ Daddyရဲ့ဉပက္ခာနဲ့တောင်မတန်တဲ့ သူမျိုးပဲ.....
ဖြောင်း....!!!!!
ပြောနေတုန်းရှောင်ကျန့်ကိုပါးရိုက်လိုက်တာမို့ နှုတ်ခမ်းထောင့်က နီစွေးစွေးအရည်တို့ကစီးကျလာတယ်....
နင့်ပါးစပ်က အဲ့စကားကိုမပြောနဲ့....
သူ့ကို နည်းနည်းလောက်ဆုံးမပေးလိုက်ကြပါ ဂြိုလ်ထောင်နေလို့.....
ယန်လီကပြောပြီး သူ့ရှေ့တည့်တည့်က ခုံမှာသွားထိုင်ကာသူ့ကိုကြည့်နေသည်လေ...ယန်လီစကားအစုံး လူနှစ်ယောက်ရောက်လာပီး ရှောင်ကျန့်ကိုထိုးကြိတ်တော့သည်။
ရှောင်ကျန့်က လူချင်းမမျှတာတကြောင်း ကြိုးတုန်ခံထားရလို့ ပြန်မလုပ်နိုင်တာတကြောင်း ထိုလူနှစ်ယောက်ထိုးကြိတ်သမျှကို ထောင့်ခံနေရသည်...
ရုတ်တရက် ထိုလူနှစ်ယောက်ထဲက တစ်ယောက်ရဲ့ လက်သီးခပ်ပြင်းပြင်းတချက်က ရှောင်ကျန့်ရဲ့ဗိုက်ပေါ်ရောက်လာသဖြင့် အသည်းခိုက်မတတ်နာကျင်သွားရသည်....
Daddy ယေ မြန်မြန်လာပါတော့.....
ထို့နောက်ရှောင်ကျန့်အမှောင်ကမ္ဘာသို့တဖန်အလည်သွားခဲ့သည်.....သူ့ရဲ့မျက်လုံးများမမှိတ်ခင် Daddyရဲ့စိုးရိမ်တကြီးအော်သံသဲ့သဲ့လေးကိုတော့ ကြားလိုက်ရသေးသည်...