Chapter 3

9.2K 1.7K 132
                                    

[11]

ဧကရာဇ် ဒီနေ့ အရမ်းမပျော်မရွှင်ဖြစ်နေတယ်။

မယ်တော်က သူ့အတွက်စိတ်မကောင်းဖြစ်မပေးတဲ့အပြင် ဧကရီဘက်ကတောင် ပါပေးလိုက်သေးတယ်။

ဧကရီဘက်ကရပ်ပေးရုံတင်မကဘူး သူ့ကိုတောင် ပြင်းပြင်းထန်ထန်ဆူပူကြိမ်းမောင်းသေးတယ်!

...

နင်ကငယ်ငယ်ကတည်းက အချိုတွေပဲစားနေ၊ ဘယ်လိုချင့်ချိန်စားသုံးရမလဲတကယ်ကိုမသိတတ်ဘူး!

အနှေးနဲ့အမြန်ဆိုသလို နင့်သွားနဲ့အစာအိမ်ကတော့ ပျက်စီးကိန်းစိုက်တော့မှာပဲ!

ကံကောင်းထောက်မစွာပဲ နင့်ကိုတားနိုင်မယ့်အားကောင်းမောင်းသန်ဧကရီရှိနေပေလို့သာပေါ့!

...

ဒါနဲ့ သူမက တကယ်ပဲ သူ့ရဲ့ မယ်တော်အရင်းတော့ ဟုတ်ပါတယ်နော်?

မပျော်မရွှင်နဲ့ ဧကရာဇ်ဟာ သူ့နန်းတော်ကိုပဲ စိတ်ဆိုးဆိုးနဲ့ပြန်သွားပြီး ဧကရီ့ကိုလည်းအခစား၀င်ခွင့်မပြု!

သို့သော်လည်း ဧကရီကတော့ ပြတင်းပေါက်တစ်ဆင့် ညမှာ ရအောင်ရောက်လာပါသေးတယ်။

ဧကရာဇ်အိပ်နေတဲ့ပုံက သနားစရာကောင်းသလို ရယ်ချင်စရာလည်းကောင်းနေပြန်ရော။
အိပ်ယာပေါ်မှာ ဟိုနားဒီနား လှုပ်ရွတွန့်လိမ်နေပြီး
ခါးအောက်မှာလည်း ခေါင်းအုံးတစ်လုံး, ခုအိပ်ထားသေးတယ်။

တကယ်တော့ သူ့တင်ပါးတွေက အယောင်တော့ လျော့သွားပါပြီ။

ဧကရီသူ့ရင်ခွင်ထဲက လိမ်းဆေးကိုထုတ်လိုက်ပြီး လက်ချောင်းမှာပဝါလေးပတ်ကာ လိမ်းဆေးကိုဧကရာဇ်ပေါ်မှာ ညင်ညင်သာသာလေးလိမ်းပေးလိုက်တယ်။

ဧကရာဇ်သာ မနက်ဖြန်ဒီကိစ္စကို သိလို့ကတော့ သေချာပေါက် နှုတ်ခမ်းဆူရင်း - ဧကရီဟာညကသက်သေကိုလာရောက်ဖျောက်ဖျက်သွားပါတယ်ဆိုပြီးစွပ်စွဲနေဦးမှာအသေချာပင်..။

ဧကရီအဲ့အကြောင်းကို တွေးကြည့်မိပြီး မတတ်နိုင်လိုက်ဘဲ ပြုံးမိပြန်ရော။
အိပ်နေရင်းတောင်ဆူထော်နေတဲ့ဧကရာဇ်နဲ့နှုတ်ခမ်းလေးကို ကိုယ်ကိုကိုင်းရင်း နမ်းလိုက်တယ်။

The emperor is always unhappy (ဘာသာပြန်)[Completed]Where stories live. Discover now