[36]
ဧကရီ ဒီနေ့အရမ်းပျော်နေတယ်။
ဧကရာဇ်ကအထိတ်တလန့် သူ့ကိုမောင်းထုတ်နေတာကို ကြည့်ရင်း ရယ်ချင်နေတာ၊(ဒါက စာရင်းရှင်းပြီးနောက်တစ်နေ့ဖြစ်မယ်နော်🌚)
ဒီရက်ပိုင်းအတွင်း သူတို့လုပ်ခဲ့တာ အရမ်းများ,များသွားလားဆိုတာတောင် သူပြန်တွေးကြည့်မိတဲ့အထိပဲ။
သူတို့လက်ထပ်ပြီးကတည်းကခွဲနေတာမျိုး မရှိခဲ့ဘူးလေ၊ ဒီတစ်ခေါက်က သုံးလတောင်ခွဲနေရတဲ့ဟာကို၊ဒါက တကယ်ကို သည်းခံနိုင်ဖို့ခက်ခဲတယ်မလား...။ဒီတစ်ခေါက်တော့ သူဖြည်းဖြည်းချင်းမှယူသင့်တယ်၊ Ming Si(ဧကရာဇ်နာမည်)လည်း ကောင်းကောင်းအနားယူလို့ရအောင်ပေါ့၊မနေ့ညက ဧကရာဇ် သူ့ဒဏ်ရာတွေကိုအကုန်လှန်လှောကြည့်တယ်၊အဲ့တုန်းက သူ့(ဧကရာဇ်)စကားလုံးတွေက ကမောက်ကမနဲ့ မျက်လုံးတွေကလည်း ရဲနေတာ။
Ming Siသူ့ကိုလာရှာလိမ့်မယ်လို့ ရှယ့်ယွင်မတွေးခဲ့မိ။
သူ(Ming Si)က ဖြူဖြူဖွေးဖွေး နူးနူးညံ့ညံ့နဲ့၊ ပြေးလာရပြီးအသက်ရှူမ၀တာကြောင့်ရော ပါးမို့လေးတွေက ရဲနေပြီး ၀တ်ရုံကလည်း လျော့တိလျော့ရဲနဲ့။
မစိုမခြောက်ဆံပင်ကိုလည်း ခေါင်းစည်းလေးနဲ့ လျော့ရဲရဲလေး စည်းထားတယ်။မချုပ်တည်းနိုင်တဲ့သူက Xie Yun(ဧကရီ)မဟုတ်ပါဘူး,သူကိုက မချုပ်တည်းချင်အောင် လုပ်တာ။
နှစ်ပေါင်းများစွာတုန်းက သူဘုရားရှင်ရှေ့မှာလည်း ဒူးထောက်ပြီး အလေးအနက်မေးခဲ့ဖူးပါတယ်,
"ဒီနေ့ကျွန်တော်အရမ်းထူးချွန်တဲ့လူတစ်ယောက်တွေ့ခဲ့တယ်,ကျွန်တော်ဘာလုပ်ရမလဲ?"သူ့ရဲ့နှလုံးသားကလည်း သူ့ကိုပြောဖူးပါတယ်,
'မင်းချစ်ရသူနဲ့ပျော်ပျော်နေပါ,စွဲလမ်းမှုလား ဒုက္ခတွေလားမေးမနေပါနဲ့'တဲ့။Xie Yun ဟိုးအရင်တုန်းက မှတ်မိတာရှိတယ်။
သူအမေက ဧကရီကြီးဆီသွားတွေ့ဖို့ဆိုပြီး သူ့ကိုခေါ်သွားခဲ့ဖူးတုန်းကပေါ့၊
အိမ်ရှေ့စံက တစ်လသားအရွယ်လေးပဲရှိသေးတာ,အနှီးလေးနဲ့ထုပ်ထားပြီး သူကပန်းရောင်နီတာရဲလေး၊
တံတွေးလေးတွေနဲ့တောင် ပါးစပ်ကပလောက်တောက်ပလောက်တောက်နဲ့ ပူဖောင်းမှုတ်နေတာ၊အဲ့တုန်းက Xie Yunက အဲ့ဒီအိပ်ပျော်နေတဲ့အရုပ်လေးကို ဖျော်ဖြေပေးရတော့တာပေါ့။
YOU ARE READING
The emperor is always unhappy (ဘာသာပြန်)[Completed]
Randomဧကရာဇ် shou, ဧကရီ gong Chapter status - 8 Chapters (Completed) I own nothing, just translate it. If you want to read English translation, here is the link.👇👇 https://read.asianovel.com/series/the-emperor-is-always-unhappy All credit to original au...