P-12

5.8K 734 12
                                    

P-12

“ဒါကဘယ်လဲ သူပိုင်အောင်”

အိမ်ထဲကထွက်ထွက်ခြင်းမှာပင် ခပ်မာမာအသံဖြင့်ဆိုခံလိုက်ရသည့်အတွက် အောင် နည်းနည်းတုံ့သွားရသည်။ဦးဇော်အောင်သည် ခုမှ ရုံးကပြန်လာပုံရပြီး အောင့်ကို ခပ်စူးစူးကြည့်နေသည်။

“ဟို အပြင်ခဏပါ ဖေဖေရဲ့။”

အမြဲတမ်းသားလို့ခေါ်ကာ ကြင်ကြင်နာနာရှိတတ်သူက ခု နာမည်အပြည့်အစုံခေါ်နေလေတော့ အခြေအနေမဟန်တာကို အောင် သတိထားမိသည်။

“ဘယ်အချိန်ထိအပြင်ကိုနေ့တိုင်းထွက်နေမှာလဲ။ မင်း ခါတိုင်းဒီလောက်အပြင်လည်းမမက်ဘူး။ အသုံးလည်းမများပါဘူး။အလုပ်ကို စိတ်ဝင်တစားလေ့လာချင်တယ်ဆို ဘယ်အချိန်အလုပ်ထဲ လိုက်မှာလဲ။ခုထိ မစရသေးဘူး။နေပြန်ကောင်းတာပဲ ဘယ်လောက်တောင်ရှိနေပြီလဲ။”

အောင် ဘာပြန်ဖြေရမှန်းမသိပါ။ တကယ်လို့အလုပ်လိုက်သွားသည်ဆိုလျှင်​တောင် တကယ်တမ်း အောင်က ဘာမှသိမှာမဟုတ်။ရှစ်တန်းအောင်လောက်လေးနှင့် ဒီနေ့ခေတ်ရဲ့တိုးတက်နေမှုတွေကို အောင် လိုက်မီမှာလည်းမဟုတ်။

“မနက်ဖြန်ကစပြီး မင်း ဖေဖေ့အလုပ်ကိုလိုက်ခဲ့တော့ “

“ဟင့်အင်း ဖေဖေ ကျွန်တော်..’

ကံတရားက အောင့်ဘက် အလေးသာခဲ့ပါသည်။ သူတို့ခြံဘက်ရောက်လာသော နိုင်းဆက်ကိုမြင်သည့်အခါ အကြံရသွားတော့သည်။ချက်ချင်းပင် ခေါင်းကိုဖိနှိပ်လျက် ဘေးက ဝရန်တာတိုင်ကိုမှီပစ်လိုက်သည်။

“အောင်..”

နိုင်းဆက် ကစိုးရိမ်တကြီးပြေးလာသည်။သူ့ကိုပွေ့ပိုက်လာသည့် နိုင်းဆက်ရင်ခွင်ထဲအလိုက်သင့် ခိုဝင်နေလိုက်ရင်းမှ သိပ်ကိုချစ်စရာကောင်းလွန်းသည့် သူလေး၏ရုပ်အခံဖြင့်မျက်နှာကို အငယ်ဆုံးဖြစ်အောင်ထားလိုက်သည်။

“တကယ်လို့ ကျွန်တော်အလုပ်လိုက်ခဲ့မှ ဖေဖေ စိတ်ချမ်းသာမယ်ဆိုရင် ကျွန်တော်လိုက်ခဲ့ပါ့မယ်။”

အောင့်၏ဖြစ်ပျက်နေပုံကိုကြည့်ကာ ဦးဇော်အောင်လည်းစိုးရိမ်သွားပုံတော့ရသည်။နိုင်းဆက်က သက်ပြင်းချလျက် ဦးဇော်အောင်ကိုကြည့်သည်။

ကိုယ့်အသက်-သူလေးWhere stories live. Discover now